ရက်ရှ်ဖို့ဒ်၏ပွဲဦးထွက်ကို တစ်ကမ္ဘာလုံးစောင့်ကြည့်နေကြဟု ဟော့ဒ်ဆန်ပြော

ရက်ရှ်ဖို့ဒ်၏ပွဲဦးထွက်ကို တစ်ကမ္ဘာလုံးစောင့်ကြည့်နေကြဟု ဟော့ဒ်ဆန်ပြော

မေ ၂၇၊ လန်ဒန် ။              ။ ရှက်ရှ်ဖို့ဒ်၏ အင်္ဂလန်ပွဲဦးထွက်ကို တစ်ကမ္ဘာလုံးကစောင့်ကြည့်နေကြလိမ့်မည်ဟု အင်္ဂလန်လက်ရွေးစင်အသင်းနည်းပြ ရွိုင်းဟော့ဒ်ဆန်က ပြောသည်။

အသက် ၁၈ နှစ်အရွယ်ယူနိုက်တက်ကစားသမားသည် ဆန်းဒါးလန်းကွင်းတွင် သြစတြေးလျနှင့်ကစားမည့် ခြေစမ်းပွဲ၌ ခြေသလုံးကြွက်သားဒဏ်ရာရနေသော စတူးရစ်ချ်ကိုယ်စား ပွဲထွက်ကစားခွင့်ရမည်ဖြစ်သည်။

ရက်ရှ်ဖို့ဒ်သည် ပြီးခဲ့သည့်ရာသီက ယူနိုက်တက်အတွက် ၁၈ ပွဲကစားပြီး ရှစ်ဂိုးသွင်းနိုင်ခဲ့၍ ထွန်းတောက်လာသည့်ကစားသမားဖြစ်သည်။

"ကျွန်တော်ကိုယ်တိုင်နဲ့နည်းပြအဖွဲ့၊ ကျန်ကစားသမားတွေနဲ့ တစ်ကမ္ဘာလုံးက စောင့်ကြည့်ပြီး 'ဒီကလေးက ခြေစွမ်းကောင်းတွေပြထားတယ်၊ သူထပ်လုပ်ပြနိုင်မလား' လို့ပြောပြီး စောင့်ကြည့်နေကြလို့ သူ့အတွက်ပွဲကြီးတစ်ပွဲဖြစ်ပါတယ်။

ကျွန်တော်တို့အနေနဲ့ သူလုပ်ပြခွင့်ရဖို့ ဘယ်အခွင့်အရေးကိုမဆို ပေးသွားမှာပါ။ သူ့မှာ သိပ်စိတ်ဝင်စားစရာကောင်းတဲ့ အရည်အသွေးတွေရှိပါ တယ်။ လက်ရွေးစင်အဆင့်မှာသူဘာလုပ်ပြနိုင်မလဲဆိုတာကို ကျွန်တော်စိတ်ဝင်စားနေပါတယ်"ဟု အင်္ဂလန်နည်းပြရွိုင်းဟော့ဒ်ဆန်က ပြောသည်။

စတူးရစ်ချ်နောက်ဆုံးရခဲ့သောဒဏ်ရာကြောင့် ယူရို ၂၀၁၆ လူစာရင်းဖြတ်ရန်ပြင်ဆင်နေသည့် ရွိုင်းဟော့ဒ်ဆန်အတွက် စိုးရိမ်စရာလည်း ဖြစ်နေရသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly