အိုဘားမား လာရောက်စဉ် နိုင်ငံတွင်် Facebook အသုံးပြုမှုကို ဗီယက်နမ်အာဏာပိုင်များ ကန့်သတ်ပိတ်ပင်ထားခဲ့ဟု ဆို

အိုဘားမား လာရောက်စဉ် နိုင်ငံတွင်် Facebook အသုံးပြုမှုကို ဗီယက်နမ်အာဏာပိုင်များ ကန့်သတ်ပိတ်ပင်ထားခဲ့ဟု ဆို

မေ ၂၇ ။                   ။ ဗီယက်နမ်သို့ ပြီးခဲ့သည့် သီတင်းပတ်က အမေရိကန် သမ္မတ ဘားရတ်အိုဘားမား လာရောက်ခဲ့သည့် ခရီးစဉ်ကာလအတွင်း နိုင်ငံတွင်း၌ ရက်ပေါင်းများစွာ Facebook အသုံးပြု၍ မရအောင် အာဏာပိုင်များက ထိန်းချုပ်ကန့်သတ်ထားခဲ့သည်ဟု တက်ကြွလှုပ်ရှားသူများက စွပ်စွဲ ပြောကြားသည်။

အမေရိကန်သမ္မတ ရောက်ရှိလာသည့် ယင်း သီတင်းပတ်အတွင်း နိုင်ငံတွင်း၌ လူ့အခွင့်အရေး နှင့် နိုင်ငံရေး တက်ကြွလှုံ့ဆော်မှုဖြစ်စဉ်များ ပေါ်ပေါက်မှုမရှိစေရေးနှင့် မိမိတို့အပေါ် ဖိနှိပ်ထားလိုခြင်းကြောင့် ယခုကဲ့သို့ အစိုးရက ပေါ်ပြူလာ အွန်လိုင်းမီဒီယာအသုံးပြုမှုကို ပိတ်ပင်ခဲ့ခြင်းဖြစ်ကြောင်း တက်ကြွလှု့ပ်ရှားသူအဖွဲ့နှစ်ခုက မေလ ၂၆ ရက်တွင် ပြောသည်။

အဆိုပါ ကိစ္စရပ်မှာ အခြားသော နိုင်ငံတစ်ချို့ဖြစ်သည့် တရုတ် နှင့် တူရကီနိုင်ငံတို့တွင် ယင်းကဲ့သို့ နိုင်ငံရေးအရ အထိခိုက်မခံသည့် အချိန်ကာလများတွင် Facebook အသုံးပြုမှုအပေါ် ထိန်းချုပ်ပိတ်ပင်ထားသည့် လုပ်ဆောင်ချက်များအတိုင်းပင်ဖြစ်သည်။

လက်ရှိအချိန်တွင် အသုံးပြုသူပေါင်း ၁ ဒသမ ၆ ဘီလီယံ ထိ ရှိနေသော အွန်လိုင်းမီဒီယာ Facebook ၏ စွမ်းအားက တစ်ဖြည်းဖြည်းချင်း ကြီးထွားလာနေပြီဖြစ်သဖြင့် ယခုကဲ့သို့ နိုင်ငံရေး တက်ကြွလှုပ်ရှားမှုများအပေါ် ထိန်းချုပ်လိုသည့် အာဏာပိုင်များအတွက် ခြိမ်းခြောက်မှု တစ်ခုဖြစ်နေသည်။

တစ်ချိန်က ရန်သူတော်ဖြစ်ခဲ့သည့် နိုင်ငံနှင့် ပုံမှန်ဆက်ဆံရေးထူထောင်ရန် ရည်ရွယ်ချက်ဖြင့် ဗီယက်နမ်သို့ ရောက်ရှိလာသော အမေရိကန်သမ္မတ အိုဘားမားကလည်း  ဗီယက်နမ်အစိုးရအား လူ့အခွင့်အရေးကို အားပေးရန် နှင့် နိုင်ငံရေးလွတ်လပ်ခွင့်များအပေါ် ထိန်းချုပ်မှုများ ဖြေလျော့ရန် တိုက်တွန်းပြောကြားသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required