လာမည့်ရာသီအိမ်ကွင်းဝတ်စုံသစ်ကို အာဆင်နယ်ကစားသမားများမိတ်ဆက်

လာမည့်ရာသီအိမ်ကွင်းဝတ်စုံသစ်ကို အာဆင်နယ်ကစားသမားများမိတ်ဆက်

မေ ၂၇၊ လန်ဒန် ။                ။ ယခုနှစ်ပရီးမီးယားလိဂ်ရာသီပြီးဆုံးသွားသည်မှာ ရက်သတ္တပတ်ပိုင်းမျှသာကြာသေးသော်လည်း အာဆင်နယ်အသင်းသည် လာမည့်ရာသီ အတွက်အဆင်သင့်ရှိနေသည့် အနေဖြင့် ၂၀၁၆-၁၇ ရာသီ အိမ်ကွင်းဝတ်စုံသစ်ကို မိတ်ဆက်ပြသလိုက်သည်။

၂၀၁၃ တွင် အာဆင်နယ်နှင့် တစ်နှစ်ပေါင်သန်း ၃၀ တန် ငါးနှစ်စာချုပ်ထားသည့် ပူးမားက ဝတ်စုံသစ်ကို ဖန်တီးပေးထားပြီး ဂျရူးဒ်၊ ဘယ်လာရင်နှင့် ကာဇိုလာတို့အပါအဝင် ပွဲထွက်ကစားသမားများက ဝတ်ဆင်ပြခဲ့သည်။

အာဆင်နယ်အသင်းက အမှတ်တရ ဂုဏ်ပြုသည့်အနေဖြင့်လည်း ရှုံးပွဲမရှိချန်ပီယံဖြစ်ခဲ့သောအသင်းမှ ပီရက်စ်၊ အွန်နရီ၊ ယွန်းဘတ်တို့ကို ဝတ်စုံသစ် မိတ်ဆက်ပွဲတွင် ပါဝင်စေခဲ့သည်။

၁၉၉၀ ပြည့်နှစ်များက နည်းပြများ၊ ကစားသမားများနှင့် သမိုင်းဝင်အဖြစ်အပျက်များထံမှ လှုံ့ဆော်မှုကိုရယူခဲ့ပြီး ဖန်တီးမှုအသစ်နှင့်ပေါင်းစပ် ခဲ့သည်ဟု ပူးမားက ကြေညာသည်။

အိမ်ကွင်းဝတ်စုံဒီဇိုင်းသစ်မှာ အနီရောင်နောက်ခံတွင် ရင်ဘတ်၌ ဒေါင်လိုက်အနက်လိုင်းတစ်ခု ပါဝင်သည်။ ပရိသတ်များအတွက် ကျောနံပါတ် မပါသောအင်္ကျီမှာ အနည်းဆုံး ၅၅ ပေါင်ကျသင့်မည်ဖြစ်ပြီး အိမ်ကွင်းအင်္ကျီအစစ်မှာ ပေါင် ၁၀၀ ကျသင့်မည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly