အငြင်းပွားဖွယ် ကိုယ်ပိုင် အီးမေးလ် အသုံးပြုခဲ့မှု ကိစ္စရပ်ကြောင့် သမ္မတ မျှော်မှန်းချက်အပေါ် မထိခိုက်နိုင်ဟု ဟီလာရီ ကလင်တန်ပြော

အငြင်းပွားဖွယ် ကိုယ်ပိုင် အီးမေးလ် အသုံးပြုခဲ့မှု ကိစ္စရပ်ကြောင့် သမ္မတ မျှော်မှန်းချက်အပေါ် မထိခိုက်နိုင်ဟု ဟီလာရီ ကလင်တန်ပြော

မေ ၂၇ ။           ။ နိုင်ငံခြားရေးဝန်ကြီး တာဝန်ယူခဲ့စဉ်က အငြင်းပွားဖွယ် ကိုယ်ပိုင်အီးမေးလ် ဆာဗာ အသုံးပြုခဲ့မှု ကိစ္စရပ်က အိမ်ဖြူတော်သို့ သွားရာလမ်းတွင် တစ်စုံတစ်ရာ ထိခိုက်နိုင်မည် မဟုတ်ကြောင်း ဟီလာရီကလင်တန်က ပြောကြားသွားခဲ့သည်။

သူမထက် အရင် နိုင်ငံခြားရေး ဝန်ကြီးတာဝန်ထမ်းဆောင်ခဲ့သူများသည်လည်း ယင်းကဲ့သို့ ကိုယ်ပိုင်အီးမေးလ်အသုံးပြုခဲ့မှုများ ရှိခဲ့ခြင်းကြောင့် ယခုကိစ္စမှာများစွာထူးခြားသွားခြင်းမရှိကြောင်း ဒီမိုကရက်တစ်ပါတီကိုယ်စားပြု သမ္မတလောင်း ဖြစ်လာရန် သေချာသလောက်ရှိလာနေပြီဖြစ်သော ဟီလာရီက ပြောကြားလိုက်သည်။

အစိုးရလုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် ကိုယ်ပိုင်အီးမေးလ်ဖြင့် အသုံးပြုခဲ့မှုမှာ ပြစ်ချက်ဖြစ်နေသည်ဟု စုံစမ်းစစ်ဆေးရေး အစီရင်ခံစာတစ်ရပ် ထွက်ပေါ်လာပြီး တစ်ရက်အကြာတွင် ယင်းကိစ္စရပ်ကြောင့် မိမိ၏ ရွေးကောက်ပွဲလမ်းကြောင်းအပေါ် အထိခိုက်ခံမည်မဟုတ်ကြောင်း ၎င်းက ပြောသည်။

" စုံစမ်းစစ်ဆေးရေးအစီရင်ခံတွေကလည်း ခုလိုမျိုး ခဏပြီး ခဏထွက်ချင်ထွက်လာနိုင်တာပဲလေ၊ဒါပေမယ့်လည်း အဲဒါတွေက ကျွန်မအတွက် ဘာမှ ပြောင်းလဲသွားမှာမဟုတ်ပါဘူး၊ ဒါ ကသိပ်မထူးခြားပါဘူး၊ ကျွန်မအရင် နိုင်ငံခြားရေး ဝန်ကြီးတွေလည်း ဒီလိုပဲ သုံးတယ်၊ ကျွန်မလည်း သုံးခဲ့တယ်၊ ဘာမှ မထူးဆန်းပါဘူး" ဟု ဟီလာရီက ဆိုသည်။

အလားတူ အခြား အင်တာဗျူးတစ်ခုတွင်လည်း ယခုကိစ္စတွင် သူမ အမှားလုပ်ခဲ့မိကြောင်း နှင့် နောက်နောင်တွင် ယင်းအမှားမျိုး ထပ်မံ ကျူးလွန်လိမ့်မည်တော့မဟုတ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားသွားခဲ့သေးသည်။

ယခု ပြဿနာရပ်မှာ ပြီးခဲ့သည့် တစ်နှစ်အကြာကတည်းက သူမအပေါ် တိုက်ခိုက်နေခဲ့ပြီး  သူမ၏ အဓိက ပြိုင်ဘက် ရီပတ်ကလင်တန်ဘက်မှ ဒေါ်နယ်ထရန့်ကလည်း မကြာခဏဆိုသလို ယင်း ကိစ္စရပ်ကို အစဖေါ် တိုက်ခိုက်လေ့ရှိသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly