ကင်ဂိုအမ် “ Descendants Of The Sun ” စာရေးဆရာမ၏ ဒရမ်မာဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်သွားမည်

ကင်ဂိုအမ် “ Descendants Of The Sun ” စာရေးဆရာမ၏ ဒရမ်မာဇာတ်ကားသစ်တွင် ပါဝင်သရုပ်ဆောင်သွားမည်

တောင်ကိုရီးယား သရုပ်ဆောင်မင်းသမီး ကင်ဂိုအမ်က  “ Descendants Of The Sun ” စာရေးဆရာမ ကင်အမ်ဆွတ်ခ်၏ မကြာမီ ထွက်ရှိမည့် ဒရမ်မာဇာတ်ကားသစ် “  Goblin”  တွင် မင်းသား  Gong Yoo နှင့်အတူ ခေါင်းဆောင်မင်းသမီး နေရာမှ သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း  အတည်ပြု ပြောကြားခဲ့သည်။

ကင်ဂိုအမ်ဟာ ပါဝင်သရုပ်ဆောင်ရမည့် ဇာတ်ကောင်စရိုက်နှင့်စပ်လျဉ်း၍ ထုတ်လုပ်ရေးအဖွဲ့နှင့် တွေ့ဆုံဆွေးနွေးနေကြောင်း ၎င်း၏အေဂျင်စီက ပြောကြားသည်။

မင်းသား  Gong Yoo သည် အဆိုပါ ဒရမ်မာဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်သွားမည်ဖြစ်ကြောင်း အတည်ပြု ပြောကြားခဲ့ပြီး  ယင်းဇာတ်ကားသည် လေးနှစ်တာကာလအတွင် ပထမဆုံးအကြိမ်အဖြစ်  Gong Yooက ဇာတ်ကားငယ်များတွင် ပြန်လည်သရုပ်ဆောင်သွားမည့် ဇာတ်ကားဖြစ်လာမည် ဖြစ်သည်။

စာရေးဆရာမ ကင်အမ်ဆွတ်ခ်သည်  “ Secret Garden” ၊ “ A Gentleman’s Dignity” ၊ “ Heirs” နှင့် “ Descendants of the Sun” ကဲ့သို့သော အောင်မြင်ကျော်ကြားသော ဒရမ်မာဇာတ်ကား အများအပြားကို ရေးသားခဲ့သည့် စာရေးဆရာမ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required