Suu's 71 ဓာတ်ပုံပြပွဲ မန္တလေးတွင်လည်း ထပ်မံကျင်းပမည်

Suu's 71 ဓာတ်ပုံပြပွဲ မန္တလေးတွင်လည်း ထပ်မံကျင်းပမည်

ဒေါ်အောင်ဆန်းစုကြည်၏ ၇၁နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် Suu's 71 Solo Photo Show ကို မန္တလေးတွင် ဇွန်လ ၃ရက်မှ စတင်ကျင်းပမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ၂၀၁၅ ရွေးကောက်ပွဲ စည်းရုံးရေးခရီးစဉ်များအတွင်း သတင်းထောက် စောဖိုးခွား တစ်ကိုယ်တော် ရိုက်ကူးထားသည့် ဓာတ်ပုံပေါင်း ၇၁ပုံကို ပြသမည်ဖြစ်သည်။ ပြပွဲတွင် ရောင်းချရငွေအားလုံးထဲမှ အရင်းကိုနုတ်ပြီး အမြတ်ကို ရေရှားပါးသည့် ဒေသများသို့ သွားရောက်လှူဒါန်းမည်ဟု သတင်းထောက် စောဖိုးခွားက ပြောသည်။

Suu's 71 Solo Photo Show ကို ရန်ကုန်မြို့တွင်လည်း မေလ ၁၃ရက်မှ ၁၅ရက်ထိ ကျင်းပခဲ့ပြီး အမြတ်ငွေ စုစုပေါင်း ၆၁သိန်း ရရှိခဲ့သည်။ ရန်ကုန်၊ မန္တလေးနှစ်ခုပေါင်း အမြတ်ငွေအားလုံးကို လှူဒါန်းသွားမည်ဟု ၎င်းက ပြောသည်။

မန္တလေးမြို့တွင်း ကျင်းပမည့် ဓာတ်ပုံပြပွဲကို ဇွန်လ ၃ရက်မှ ၅ရက်အထိ မန္တလေးမြို့ ချမ်းမြ သာစည်မြို့နယ် ၇၃ လမ်း၊ သဇင် လမ်းနှင့် ငုရွှေဝါလမ်းကြား၊ မင်္ဂလာ မန္တလေး-အနုပညာလမ်းရှိ သီရိအနု ပညာပြခန်းတွင် ပြသသွားမည်ဖြစ်သည်။ ပြပွဲတွင် ရန်ကုန်ပြပွဲကဲ့သို့ပင် ဓာတ်ပုံအားလုံးကို စုပေါင်းဖော်ပြထားသည့် ငွေကျပ် ၁၀သိန်းတန် ဓာတ်ပုံတစ်ခုကိုလည်း ရောင်းချပေးမည်ဖြစ်သည်။

ရန်ကုန်ပြပွဲတွင် ကျပ် ၁၀သိန်းတန် ဓာတ်ပုံကို ပြပွဲ ဖွင့်ပွဲနေ့၌ပင် ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ လူမင်းက ဝယ်ယူခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required