ရီးယဲလ်တွင်သာ ကစားသမားဘဝ ကုန်ဆုံးလိုသည်ဟု စီရော်နယ်ဒို ပြောပြီ

ရီးယဲလ်တွင်သာ ကစားသမားဘဝ ကုန်ဆုံးလိုသည်ဟု စီရော်နယ်ဒို ပြောပြီ

မေ ၂၆၊ စပိန် ။           ။ ကမ္ဘာကျော်ဘောလုံးသမား စီရော်နယ်ဒိုက ရီးယဲလ်အသင်းတွင်သာ ကစားသမားဘ၀ ကုန်ဆုံးလိုကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပြီ ဖြစ်သည်။

ပီအက်စ်ဂျီ၊ မန်ယူနှင့် မန်စီးတီးအသင်းတို့က စီရော်နယ်ဒိုက ခေါ်ယူရန် စိတ်ဝင်စားနေသည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီး စီရော်နယ်ဒို၏ အပြောင်းအရွှေ့သတင်းမှာ မီဒီယာစာမျက်နှာများထက်တွင် အမြဲပါဝင်ခဲ့သည်။

သို့သော်ယခု စီရော်နယ်ဒိုက ၎င်းကို စာချုပ်သက်တမ်းတိုးရန် ရီးယဲလ်အသင်းကို တိုက်တွန်းပြောဆိုလိုက်သည်။

'ရီးယဲလ်အသင်းက ကျွန်တော့်ကို စာချုပ်သစ်ချုပ်ဆိုဖို့ ကမ်းလှမ်းလာမယ်ဆိုရင် တကယ်ကို ကောင်းမွန်ပါလိ့မ်မယ်။ ဒါဆိုရင် အခြားကလပ်တွေကို မေ့လိုက်လို့ ရပါပြီ။ ကျွန်တော် ရီးယဲလ်မှာပဲ ကစားသမားဘ၀ ကုန်တဲ့အထိ ကစားသွားချင်ပါတယ်။

ရီးယဲလ်အသင်းမှာ ကောင်းမွန်တဲ့ အခိုက်အတန့်တွေရှိခဲ့သလို ဆိုးရွားတဲ့ အခြေအနေတွေနဲ့လည်း ကြုံခဲ့ရပါတယ်။ ဒါက ဘဝပါပဲ။ လွန်ခဲ့တဲ့ လေးနှစ်တုန်းက ကျွန်တော်မပျော်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဖြစ်ပျက်ခဲ့တဲ့ အရာတွေကို မကြိုက်ခဲ့လို့ပါ။

အခုတော့ ကျွန်တော်ပျော်နေပါပြီ။ ဒီအသင်းမှာပဲ နေချင်ပါတယ်။ ရီးယဲလ်အသင်းထက် ပိုကောင်းတဲ့အသင်းကို ကျွန်တော်စဉ်းစားလို့ မရပါဘူး' ဟု စီရော်နယ်ဒိုက ပြောဆိုခဲ့သည်။

စီရော်နယ်ဒိုနှင့် ရီးယဲလ်တို့သည် ၂၀၁၃ ခုနှစ်က ၂၀၁၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုး ချုပ်ဆိုထားကြခြင်း ဖြစ်သည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly