စီးပွားရေးကို ပစ်မှတ်ထားကာ ကမ္ဘာ့ခေါင်းဆောင်များ ဂျီ-၇ အစည်းအဝေး စတင်

စီးပွားရေးကို ပစ်မှတ်ထားကာ ကမ္ဘာ့ခေါင်းဆောင်များ ဂျီ-၇ အစည်းအဝေး စတင်

တိုကျို၊ မေ ၂၆ ။             ။ ကမ္ဘာ့စီးပွားရေးအားနည်းမှု၊ အစွန်းရောက်အကြမ်းဖက်မှုများအန္တရာယ်၊ ဒုက္ခသည်များအရေး၊ တရုတ်ရေပိုင်နက်အတည်ပြုမှုများနှင့် ဥရောပမှ ဗြိတိန်ထွက်ခွာသွားနိုင်သည့် အရေးကိစ္စများနှင့်အတူ ကမ္ဘာ့ခေါင်းဆောင်များ၏ နှစ်ရက်တာ ဂျီ-၇ အစည်းအဝေးကို ဂျပန်တွင် မေ ၂၆ ရက်၌ စတင်ကျင်းပပြီဖြစ်သည်။

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါနှင့် အိမ်ရှင်ဂျပန်နိုင်ငံတို့မှ ခေါင်းဆောင်များက တိုကျိုမြို့မှ ကီလိုမီတာ ၃၀၀ အကွာရှိ အီရှီမာတောင်ထူထပ်ရာအရပ်တွင် တွေ့ဆုံကြခြင်းဖြစ် သည်။

အစည်းအဝေးတွင် ပါဝင်ခြင်းမရှိသည့် ကမ္ဘာ့ဒုတိယစီးပွားရေးအကြီးဆုံး တရုတ်နိုင်ငံ၏ အရေးသည် အစည်းအဝေးတွင် အများဆုံးဆွေးနွေးမှုဖြစ်နိုင်ဖွယ်ရှိသည်။

တောင်တရုတ်ပင်လယ်တွင် တရုတ်၏ ပိုင်နက်ကျုးမှုများကို ဆန့်ကျင်တုံ့ပြန်ရေးအတွက်လည်း အမေရိကန်နှင့် ဂျပန်နိုင်ငံတို့က လုပ်ဆောင်နေသည်။

ပြင်သစ်နိုင်ငံတွင် အစွန်းရောက်တိုက်ခိုက်မှုများအရေးကိစ္စကို သမ္မတဖရန့်စွာဟော်လန်းက ဖြေရှင်းရေးကြိုးစားမှုနှင့်အတူ အစ္စလာမ်မစ်အစွန်းရောက်များအရေးနှင့် ဒုက္ခသည်များအရေး ကိစ္စရပ်များ ကိုလည်း ယင်းဂျီ-၇ အစည်းအဝေးတွင် ဆွေးနွေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required