သက်ငယ်မုဒိမ်းမှုများကို အင်ဒိုနီးရှားတွင် သေဒဏ်ပေး

သက်ငယ်မုဒိမ်းမှုများကို အင်ဒိုနီးရှားတွင် သေဒဏ်ပေး

ဂျကာတာ၊ မေ ၂၆ ။               ။ အင်ဒိုနီးရှားနိုင်ငံတွင် သက်ငယ်မုဒိမ်းမှုကျုးလွန်သူများအား သေဒဏ်နှင့် သင်းကွပ်ခြင်းအပါအဝင် ပြင်းထန်သည့် ပြစ်ဒဏ်ပြစ်ရပ်များ ချမှတ်ပြီဖြစ်သည်။

အသက် ၁၄ နှစ်အရွယ်မိန်းကလေးတစ်ဦးအား အုပ်စုဖွဲ့မုဒိမ်းကျင့်ကာ သတ်ဖြတ်ခြင်းအပါအဝင် အင်ဒိုနီးရှားနိုင်ငံအတွင်း မကြာသေးမီက မုဒိမ်းမှုများဖြစ်ပွားခဲ့ခြင်းကြောင့် ဆူပူဆန္ဒပြမှုများဖြစ်ပွား၍ ယခုကဲ့သို့ ချမှတ်ခြင်းဖြစ်သည်။

“ကလေးသူငယ်များအပေါ် လိင်အကြမ်းဖက်ခြင်းကြောင့် ဖြစ်ရတဲ့ ပဋိပက္ခတွေကို ဖြေရှင်းဖို့ပါ”ဟု သမ္မတဂျိုကိုဝီဒိုဒိုက ပြောသည်။

ယခင်က အင်ဒိုနီးရှားနိုင်ငံတွင် အရွယ်ရောက်ပြီးသူအပေါ်ဖြစ်စေ ကလေးသူငယ်အပေါ်ဖြစ်စေ မုဒိမ်းမှုကျုးလွန်ပါက အများဆုံးအပြစ်ဒဏ်အဖြစ် ထောင်ဒဏ် ၁၄ နှစ်သာ ချမှတ်ခဲ့ခြင်းဖြစ်သည်။

ယခုတွင် ကလေးသူငယ်များအပေါ် လိင်ပိုင်းဆိုင်ရာပြစ်မှုကျုးလွန်သူများအတွက် ထောင်ကလွတ်သော်လည်း စောင့်ကြည့်ရေးကိရိယာတပ်ဆင်ထားခံသွားရတော့မည်လည်းဖြစ်သည်။

ဆူမတြားပြည်နယ်တွင် အသက် ၁၄ နှစ်အရွယ်ကျောင်းသူလေးတစ်ဦးအား ဂိုဏ်းဖွဲ့ကာ မုဒိမ်းပြုကျင့်ပြီး သတ်ဖြတ်ခဲ့ခြင်းကြောင့် ပြည်သူများ စိတ်ဆိုးဒေါသထွက်ခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required