ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကို အသစ်ဖွဲဲ့လိုက်ပြီး ပညာရေးဝန်ကြီးနှင့် မေလကုန် တွေ့မည်

ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကို အသစ်ဖွဲဲ့လိုက်ပြီး ပညာရေးဝန်ကြီးနှင့် မေလကုန် တွေ့မည်

ရန်ကုန်၊ မေ ၂၅ ။   ။ မေ ၂၅ရက်၌ အသစ်ပြန်လည်ဖွဲ့စည်းလိုက်သည့် နိုင်ငံလုံးဆိုင်ရာကျောင်းသား သမဂ္ဂအဖွဲ့ချုပ်(န.က.သ.) နှင့် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးတို့ မေလ ၂၉ရက်တွင် တွေ့ဆုံမည်ဖြစ်သည်။ 

"ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖိတ်ကြားတာပါ။ ကျွန်တော်တို့က နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်အနေနဲ့ သွားရောက်ဆွေးနွေမှာပါ။"ဟု န.က.သ ဗဟိုအလုပ်အမှုဆောင် ကိုဇေယျာလွင်က မဇ္ဈိမကို ပြောသည်။

ယင်းတွေ့ဆုံမှုတွင် ကျောင်းသားသမဂ္ဂ တရားဝင်ဖွဲ့စည်းခွင့်၊ သမဂ္ဂအဆောက်အဦ ပြန်လည်တည်ဆောက်ရေး၊ အကျဉ်းကျ ကျောင်းသားများ ကျောင်းပြန်လည်တက်ခွင့်ရှိရေးနှင့် အဆင့်မြင့်ပညာရေးကဏ္ဍတို့ ဆွေးနွေးသွားမည်ဖြစ် ကြောင်း သိရသည်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂအဖွဲ့ချုပ်ကို တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ (၁၆)ဦး၊ ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (မြေလတ်ဒေသ)မှ (၁၁)ဦး စုစုပေါင်း (၂၇) ဦးဖြင့် မေလ ၂၅ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂကို မြန်မာနိုင်ငံ ပညာရေးစနစ် ပြောင်းလဲရေး၊ ဒီမိုကရေစီ ပညာရေးစနစ် ဖြစ်ပေါ်လာရေး၊ ကျောင်းသားသားထု အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး၊ကျောင်းသားထု စွမ်းရည်မြှင့်တင်ရေး၊ ကျောင်းသမဂများ လွတ်လပ်စွာ လှုပ်ရှားရပ်တည်ခွင့်ရရှိရေး ထိထိရောက်ရောက် ဆောင်ရွက်ရန် ရည်ရွယ် ဖွဲ့စည်းခြင်းဖြစ်ကြောင်း န.က.သ က မေ ၂၅ရက်တွင် ထုတ်ပြန်သည့်ကြေညာချက်၌ ဖော်ပြထားသည်။

ထို့အပြင် ၎င်းတို့အနေဖြင့် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် စမ္မတဦးထင်ကျော် ဦးဆောင်သည့် အစိုးရအဖွဲ့တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း ကြေညာချက်က ဆိုသည်။

နိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ် ဖွဲ့စည်းသည့် အခမ်းအနားကို ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ ဓမ္မပီယစာသင်တိုက်တွင် မေလ (၂၅) ရက်နေ့က နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly