ကိုရီးယားဖျော်ဖြေရေးခရီးစဉ်ကို အတည်ပြု ပြောကြားခဲ့တဲ့ တေးယွန်

ကိုရီးယားဖျော်ဖြေရေးခရီးစဉ်ကို အတည်ပြု ပြောကြားခဲ့တဲ့ တေးယွန်

ဆိုးလ်၊ မေ ၂၄ ။             ။ တောင်ကိုရီးယားအမျိုးသမီးအဆိုတော်အဖွဲ့ Girls’ Generation အဖွဲ့ဝင် တေးယွန်သည် ၎င်း၏ပထမဆုံးတစ်ကိုယ်တော် ဖျော်ဖြေရေးအစီစဉ်ကို မေ ၂၄ရက်က အတည်ပြု ပြောကြားခဲ့သည်။

ဆိုးလ်မြို့တွင် “ Taeyeon, Butterfly Kiss” အမည်ရှိ ဖျော်ဖြေပွဲကို စတင်သွားမည်ဖြစ်ကြောင်း နှင့် ယင်းနောက် ဘူဆန်တွင် ဖျော်ဖြေပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း   တေးယွန်က ပြောကြားခဲ့သည်။ ဘူဆန်မြိ့ဖျော်ဖြေပွဲကို  KBS ခန်းမ၌ သြဂုတ် ၆ရက်မှ ၇ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ဆိုးလ်ဖျော်ဖြေပွဲကို ဆိုးလ်မြို့ရှိ အိုလံပစ်ပန်းခြံအိုလံပစ်ခန်းမတွင်  ဇူလိုင် ၉ရက် ညနေ ၆နာရီ နှင့် ဇူလိုင် ၁၀ရက် ညနေ ၄နာရီအချိန်တွင် ကျင်းပသွားမည်ဖြစ်သည်။

ဆိုးလ်ဖျော်ဖြေပွဲအတွက် လက်မှတ်များကို မေ ၃၁ရက် ည၈နာရီအချိန်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ပြီး ဘူဆန်ဖျော်ဖြေပွဲအတွက် လက်မှတ်များကို ဇွန် ၁ရက်တွင် စတင်ရောင်းချပေးသွားမည်ဖြစ်ကာ  Yes 24 အွန်လိုင်းတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly