ဂျက်စတင်ဘီဘာကို နိုင်ငံအတွင်း ၀င်ရောက်ခွင့် ပိတ်ပင်တားမြစ်မှုအပေါ် အာဂျင်တီးနား ပရိတ်သတ်များက ချီတတ်ဆန္ဒပြ

ဂျက်စတင်ဘီဘာကို နိုင်ငံအတွင်း ၀င်ရောက်ခွင့် ပိတ်ပင်တားမြစ်မှုအပေါ် အာဂျင်တီးနား ပရိတ်သတ်များက ချီတတ်ဆန္ဒပြ

နယူးယော့ခ်၊ မေ ၂၄ ။           ။ ဆယ်ကျော်သက်အရွယ်များ အသည်းစွဲအဆိုတော် ဂျက်စတင်ဘီဘာကို နိုင်ငံအတွင်းဝင်ရောက်ခွင့် တားမြစ်ခဲ့မှုအပေါ် အာဂျင်တီးနားနိုင်ငံအတွင်းရှိ ဂျက်စတင်ဘီဘာ၏ပရိတ်သတ်ရာပေါင်းများစွာက ဗျူနိုအဲရစ်မြို့ရှိလမ်းမများပေါ်တွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

ဂျက်စတင်ဘီဘာ၏ပရိတ်သတ်များသည် ဗျူနိုအဲရစ်မြို့တွင် ချီတက်ဆန္ဒပြခဲ့ကြပြီး ဆန္ဒပြနေစဉ် ဘီဘာ၏ တေးသီချင်းများကို သံပြိုင်အော်ဆိုခဲ့ကြသည့်အပြင် “ အာဂျင်တီးနာက ဂျက်စတင်ကိုလိုအပ်တယ်”  နှင့် “ တေးဂီတအခွင့်အရေး” ဟူသော စာတန်းပါ နဖူးစည်းများကို ကိုင်ဆိုင်ခဲ့ကြသည်။

၂၀၁၃ ခုနှစ်က ဂျက်စတင်သည် ဗျူနိုအဲရစ်နိုက်ကလပ် ပြင်ပတွင် ဓာတ်ပုံဆရာတစ်ဦးအား တိုက်ခိုက်ရန် သက်တော်စောင့်ကို ညွှန်ကြားခဲ့ခြင်းကြောင့် အာဂျင်တီးနားအစိုးရက ဂျက်စတင်ကို   နိုင်ငံအတွင်းဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၂၀၁၃ ခုနှစ်ကလည်း ဂျက်စတင်ဘီဘာသည် ဗျူနိုအဲရစ်မြို့တွင် ဖျော်ဖြေပွဲကျင်းပနေစဉ် အာဂျင်တီးနားအလံကို ကန်ခဲ့မှုကြောင့် တောင်းပန်ခဲ့ရသေးသည်။”  အာဂျင်တီးနားအလံမှန်း မသိခဲ့ပါဘူး။ ကျွန်တော် အာဂျင်တီးနား ပြည်သူတွေ ဒါမှမဟုတ် ပရိတ်သတ်တွေကို ဘယ်တော့ မှ မလေးမစားမလုပ်ပါဘူး”ဟု ဘီဘာက တွစ်တာမှတစ်ဆင့် ပရိတ်သတ်များကို ပြောကြားခဲ့သည်။

ပြီးခဲ့သည့်လကလည်း ဂျက်စတင်ဘီဘာသည်  နယူးယော့ခ်မြို့တွင် ၎င်း၏ကားအတွင်းမှ အာဂျင်တီးနားအလံကို ပစ်ခဲ့သောကြောင့် အာဂျင်တီးနားအလံကို မလေးမစားလုပ်ခဲ့ကြောင်း စွဲချက်တင်ခံထားရသည်။ထို့ကြောင့် ဘီဘာကို အာဂျင်တီးနားနိုင်ငံအတွင်း ဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required