လန်ဒန်စီးပွားရေးကျောင်းတွင် မဟာဘွဲ့သင်ရိုးသစ်ကို သင်ကြားပေးသွားမည့် ဂျိုလီ

လန်ဒန်စီးပွားရေးကျောင်းတွင် မဟာဘွဲ့သင်ရိုးသစ်ကို သင်ကြားပေးသွားမည့် ဂျိုလီ

လန်ဒန် ၊ မေ ၂၄ ။             ။ ဟောလီးဝုဒ်အကျော်အမော် အိန်ဂျလီနာဂျိုလီသည် အမျိုးသမီး၊ ငြိမ်းချမ်းရေး နှင့် လုံခြုံရေးနှင့်စပ်လျဉ်း၍ မဟာဘွဲ့သင်ရိုးသစ်အတွက် ဧည့်ပါမောက္ခအဖြစ် လန်ဒန်စီးပွားရေးကျောင်း ( LSE ) တွင် သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

အိန်ဂျလီနာဂျိုလီ ကို “အမျိုးသမီး ၊ ငြိမ်းချမ်းရေး နှင့်လုံခြုံရေး “ပါရဂူဘွဲ့ သင်ရိုးသစ်ကို လုံခြုံနေရေးဝန်းကြီးဟောင်း ဝီလျံဟိတ်ခ် နှင့်အတူ သင်ကြားပေးရန် သင်ကြားရေးပါမောက္ခအဖြစ် ခန့်အပ်ခဲ့ကြောင်း မေ ၂၃ ရက်က ဗြိတိန်တက္ကသိုလ်က ကြေညာခဲ့သည်။တစ်နှစ်ကြာမြင့်မည့် အဆိုပါ သင်ရိုးသစ်ကို ၂၀၁၇ ခုနှစ်တွင် စတင်သင်ကြားပေးသွားမည်ဖြစ်သည်။

ဂျိုလီ နှင့် ဝီလျံဟိတ်ခ်တို့ ပြီးခဲ့သည့်နှစ်က တည်ထောင်ခဲ့သော အမျိုးသမီး ၊ ငြိမ်းချမ်းရေး နှင့်လုံခြံရေး LSE စင်တာက သင်ရိုးသစ်ကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း LSEက ပြောကြားသည်။

 “ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကဲ့သို့သော အမျိုးသမီးများအပေါ် အကြမ်းဖက်တဲ့ ရာဇဝတ်မှုတွေ အဆုံးသတ်ရေး နှင့် အမျိုးသမီးအခွင့်အရေးများ မြှင့်တင်ရေးကို ဘယ်လို လုပ်ဆောင်ရမယ်ဆိုတာနဲ့ ပတ်သက်လို့ ဆွေးနွေးမှုတွေကို ကျွန်မတို့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့ ဒါဟာ အရေးကြီးပါတယ်။”ဟု ဂျီုလီက ပြောကြားခဲ့သည်။

“ ကျွန်မ ကျောင်းသားတွေကို သင်ကြား ပြသပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် အစိုးရအဖွဲ့ နဲ့ ကုလသမဂ္ဂနဲ့အတူ လုပ်ဆောင်နေတဲ့ ကျွန်မရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေကိုလည်း မျှဝေပေးသွားမှာဖြစ်ပါတယ် ” ဂျိုလီက ပြောကြားခဲ့သည်။

အသက် ၄၀အရွယ်ရှိ ဂျိုလီသည် အမျိုးသမီးများအခွင့်အရေး နှင့် စစ်ပွဲဒဏ်ခံပြည်သူများနှင်စပ်လျဉ်း၍ ကာလကြာရှည် လုပ်ဆောင်လာသူတစ်ဦးဖြစ်ပြီး  ၂၀၀၁ ခုနှစ်က ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး၏ ကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ် ဆောင်ရွက်ခဲ့ပြီး ယခုအခါ အထူးသံတမန်အဖြစ် ဆောင်ရွက်လျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly