မိန့်ဇ်ဂိုးသမား ကေးရီးယက်စ်ကို လီဗာပူးလ်အသင်းခေါ်ယူ

မိန့်ဇ်ဂိုးသမား ကေးရီးယက်စ်ကို လီဗာပူးလ်အသင်းခေါ်ယူ

မေ ၂၅၊ လီဗာပူးလ် ။              ။ လီဗာပူးလ်အသင်းသည် နည်းပြဂျာဂင်ကလော့ပ်၏ အသင်းဟောင်းတစ်သင်းဖြစ်သည့် မိန့်ဇ်အသင်းမှ ဂျာမနီယူ-၂၁ ဂိုးသမား ကေးရီးယက်စ်ကို ပေါင် ၄ ဒသမ ၇ သန်းဖြင့်ခေါ်ယူလိုက်သည်။

အသက် ၂၂ နှစ်အရွယ် လိုရစ်ကေးရီးယက်စ်သည် အင်္ဂါနေ့က ဆေးအောင်ခဲ့ပြီး ဇူလိုင် ၁ ရက်တွင် ငါးနှစ်စာချုပ် တရားဝင်ချုပ်ဆိုမည်ဖြစ် သည်။

ကေးရီးယက်စ်က ၎င်းသည် လီဗာပူးလ်နည်းပြကလော့ပ်နှင့်ဆွေးနွေးခဲ့ပြီး ယုံကြည်မှုရခဲ့သဖြင့် မှန်ကန်သည့်ဆုံးဖြတ်ချက်ချဖြစ်ခဲ့ခြင်းဟု ပြောသည်။

ကေးရီးယက်စ်သည် ပြီးခဲ့သည့်ရာသီက ဘွန်ဒက်စ်လီဂါအဆင့် ၆ ရခဲ့သော မိန့်ဇ်အသင်းတွင် လိဂ်ပွဲ ၃၄ ပွဲစလုံးကစားခဲ့ရပြီး ကိုးပွဲ ဂိုးမပေး ရအောင် စွမ်းဆောင်နိုင်ခဲ့သည်။

"နည်းပြနဲ့စကားပြောခဲ့ပြီးနောက် စိတ်ခံစားမှုကောင်းခဲ့တယ်။ ဘာကြောင့်လည်းဆိုတော့ အသင်းနဲ့ရော ကစားသမားတွေနဲ့ပါ အကောင်ထည် ဖော်ချင်တဲ့ဟာတွေကို ပြောပြခဲ့လို့ပါ"ဟု ကေးရီးယက်စ်က ပြောသည်။

မန်စီးတီးလူငယ်အသင်းဂိုးသမားဟောင်းသည် ပြီးခဲ့သည့်ရာသီက အဓိကဦးစားပေးဂိုးသမားဖြစ်ခဲ့သူ ဘယ်လ်ဂျီယံလက်ရွေးစင် မစ်ဂ်နိုလက် နှင့် ပြိုင်ဆိုင်ရမည်ဖြစ်သည်။

အသက် ၂၈ နှစ်အရွယ် မစ်ဂ်နိုလက်သည် ပြီးခဲ့သည့် ဇန်နဝါရီကမှ အသင်းနှင့် ငါးနှစ်စာချုပ်သစ်ချုပ်ဆိုထားသည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly