၄၈ နာရီအတွင်းမန်ယူနည်းပြဖြစ်လာမည့် မော်ရင်ဟို အီဘရာဟီမိုဗစ်ကိုခေါ်ယူမည်

၄၈ နာရီအတွင်းမန်ယူနည်းပြဖြစ်လာမည့် မော်ရင်ဟို အီဘရာဟီမိုဗစ်ကိုခေါ်ယူမည်

မေ ၂၅၊ မန်ချက်စတာ ။            ။ ၄၈ နာရီအတွင်း မန်ချက်စတာယူနိုက်တက်နည်းပြဖြစ်လာတော့မည့် မော်ရင်ဟိုသည် ပထမဆုံးကစားသမားခေါ်ယူမှုအဖြစ် အီဘရာဟီမိုဗစ် ကို ခေါ်ရန် ဆုံးဖြတ်ထားသည်။

အီဘရာဟီမိုဗစ်သည် ပီအက်စ်ဂျီအသင်းမှထွက်ခွာတော့မည်ဖြစ်၍ အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရနိုင်သော်လည်း လက်မှတ်ထိုးကြေး ပေါင် ၈ သန်း၊ နှစ်နှစ်စာချုပ်နှင့် တစ်ပတ်လုပ်ခ ပေါင် ၂၀၀, ၀၀၀ ကျော်တောင်းဆိုချင်နေသည်။

မော်ရင်ဟိုခေတ်အစပြုချိန်တွင် အသက် ၃၄ နှစ်အရွယ်ဆွီဒင်တိုက်စစ်မှူးကို ယူနိုက်တက်အမှုဆောင်ချုပ် ဝုဒ်ဝက်ဒ်က ပြယုဂ်ကစားသမား အဖြစ်ခေါ်ချင်နေပြီး ကစားသမားကလည်း အင်တာမီလန်နည်းပြဟောင်းနှင့် ပြန်လည်လက်တွဲချင်နေသည်ဟု ယူဆရသည်။

မော်ရင်ဟို၏အေးဂျင့်ဂျော့မန်ဒက်စ်နှင့် ယူနိုက်တက်အမှုဆောင်ချုပ် ဝုဒ်ဝက်ဒ်တို့ အင်္ဂါနေ့က လန်ဒန်တွင်တွေ့ဆုံဆွေးနွေးပြီးနောက် မော်ရင်ဟိုကို နည်းပြခန့်မည့်ကိစ္စမှာ အခြေအနေပိုတိုးတက်လာနေသည်။

သဘောတူညီမှုအရ သုံးနှစ်စာချုပ်အရ ပေါင် ၄၅ သန်းနှင့် ဖြစ်နိုင်ဖွယ်ကစားသမားခေါ်ယူမှု ပစ်မှတ်များကိုလည်း ဆွေးနွေးခဲ့ဖွယ်ရှိသည်။

ယင်းကစားသမားများထဲတွင် ပြီးခဲ့သည့်နှစ်ကမော်ရင်ဟိုချယ်လ်ဆီးတွင်ရှိစဉ် ကြိုးပမ်းခဲ့ဖူးသည့် အဲဗာတန်နောက်ခံလူ ဂျွန်စတုန်းလည်း ပါဝင်နေသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required