နယ်စပ်တစ်လျှောက် တွင်မြန်မာနှင့် ဒီကေဘီအေ တိုက်ပွဲများ ဖြစ်ပွားနေ၍ ထိုင်းစစ်တပ်များကို တပ်လှန့်ထားဟုဆို

နယ်စပ်တစ်လျှောက် တွင်မြန်မာနှင့် ဒီကေဘီအေ တိုက်ပွဲများ ဖြစ်ပွားနေ၍ ထိုင်းစစ်တပ်များကို တပ်လှန့်ထားဟုဆို

မြန်မာအစိုးရတပ်များနှင့် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (ဒီကေဘီအေ)တို့ကြား တိုက်ပွဲများ ဖြစ်ပွားပြီးနောက်တွင် ထိုင်းစစ်တပ်များကို တက်ခရိုင် နယ်စပ်တစ်လျှောက်တွင် ဖြန့်ချထားခဲ့ရသည်ဟု ဆိုသည်။

ဇူလိုင်လ ၂ရက်နေ့မှ ရှောင်တင်စတင်ဖြစ်ပွားပြီး၊ ဇူလိုလ ၄ရက်နေ့အထိ ကြိုကြားဆက်လက်ဖြစ်ပွားခဲ့သည့် တိုက်ပွဲငယ်များအတွင်း အနည်းဆုံး မြန်မာအစိုးရတပ်မှ စစ်သားနှစ်ဦး သေဆုံးခဲ့ပြီး တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့သည်ဟု ယုံကြည်ရသည့် သတင်းရင်းမြစ်တစ်ခုမှ ပြောကြားခဲ့သည်။

ကေအင်ယူခွဲထွက်အုပ်စုမှ အဖွဲ့ဝင်သုံးဦးလည်း ဒဏ်ရာရရှိသွားခဲ့ပြီး၊ နယ်မြေမငြိမ်သက်မှုကြောင့် ဖန်းကန်ရွာနှင့် မြန်မာဘက်မှ ကော့ကရိတ်ခရိုင်ကို ချိတ်ဆက်ထားသည့် ဆောက်ပြီးစ လမ်းမကိုလည်း တစ်စိတ်တစ်ပိုင်း ပိတ်ထားလိုက်ရသည်ဟု အဆိုပါ သတင်းရင်းမြစ်မှ ပြောကြားသည်။ 

ပုံမှန်ဆိုင်ကယ်စီးခရီးသည်များကိုလည်း လမ်းဟောင်းမှ ပြောင်းသွားရန် ဖိအားပေးခံခဲ့ကြရသည်ဟုဆိုသည်။

မဲဆောက်နှင့် မျက်နှာခြင်းဆိုင်ရှိ ထိုင်း-မြန်မာ နယ်စပ်မှ ၂၈ကီလိုမီတာအကွာတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ တိုက်ပွဲမဖြစ်ပွားမီတွင် မြန်မာစစ်တပ်က ဒီကေဘီအေကို တိုက်ခိုက်ရန်အတွက် စစ်သား၃၀၀ကို လက်နက်ကြီးများနှင့် ဖြန့်ချထားခဲ့သည်ဟု ဆိုသည်။

မြန်မာစစ်တပ်က မဟာဗျူဟာအချက်အခြာကျသည့် ၎င်းတို့၏ ခြေကုပ်စခန်းကို မြန်မာစစ်တပ်က ဝင်ရောက်စီးနင်းမည်ကို စိုးရိမ်သောကြောင့် ဒီကေဘီအေ တပ်ဖွဲ့များကို ၎င်းတို့၏ တောင်ကြားအခြေစိုက်စခန်းတွင်ဟာ တပ်စွဲထားကြရန် အမိန့်ပေးထားခဲ့သည်ဟု ဆိုသည်။

ဇူလိုင်လ ၄ရက်နေ့က ကေအင်ယူခွဲထွက်အုပ်စု၏ ဗျူဟာတပ်ဖွဲ့ကို ခေါင်းဆောင်သည့် ဗိုလ်မှူးကြီး ကျော်သက်က ၎င်း၏ နယ်စပ်တပ်ဖွဲ့များကို မြန်မာအစိုးရတပ်က တိုက်ခိုက်လာနိုင်သည့် အလားအလာအတွက် ကြိုတင်ပြင်ဆင်ထားကြရန် ညွှန်ကြားထားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲများဖြစ်ပွားရသည့် အကြောင်းရင်းကို ကွဲကွဲပြားပြားမသိရသော်လည်း မဲဆောက်ခရိုင် ရဲစခန်း၏ ပြောကြားချက်အရ မြန်မာစစ်တပ်က ဒီကေဘီအေ တပ်ဖွဲ့များကို အသစ်တည်ဆောက်လိုက်သည့် ထိုင်း-မြဝတီ-မော်လမြိုင်လမ်းမမှအနီးမှ ထွက်ခွာသွားစေလိုပုံရသည်ဟု ဆိုသည်။

ထိုလမ်းမကို ယခုလကုန်တွင် တရားဝင်အခမ်းအနားဖြင့် ဖွင့်လှစ်ရန် စီစဉ်ထားပြီး၊ နှစ်နိုင်ငံကြောင်း ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖြစ်လာမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required