ပြင်သစ်က ရေနံစက်ရုံအားလုံးတွင် အလုပ်သမားသပိတ်မှောင်မှု ဖြစ်ပွား

ပြင်သစ်က ရေနံစက်ရုံအားလုံးတွင် အလုပ်သမားသပိတ်မှောင်မှု ဖြစ်ပွား

ပါရီ၊ မေ ၂၅ ။              ။ အစိုးရနှင့် အငြင်းပွားမှုမြင့်တက်လာကာ အလုပ်သမားဥပဒေသစ်အပေါ် ဆန္ဒပြသပိတ်မှောက်မှုများက ပြင်သစ်နိုင်ငံက ရေနံစက်ရုံအားလုံးတွင် ပျံ့နှံ့သွားပြီးဖြစ်ကြောင်း CGT သမဂ္ဂက ပြောသည်။

ခန့်မှန်းအားဖြင့် လောင်စာဆီအရောင်းဆိုင် ၂၀ ရာခိုင်နှုန်းခန့်သာ ကျိုးတိုးကျဲတဲဖြင့် လည်ပတ်နေရလျက်ရှိသည်။

မေ ၂၄ ရက် အစောပိုင်းက ရေနံချက်စက်ရုံတစ်ရုံတွင် ရဲနှင့် ဆန္ဒပြသူများ ထိပ်တိုက်တွေ့မှုဖြစ်ပွားသည်။

အလုပ်သမားဥပဒေက အတည်ဖြစ်မည်သာဖြစ်ပြီးနောက်ပိုင်းတွင် ဆန္ဒပြသူများ ချထားသည့် အတားအဆီးများကိုလည်း ဖြိုချပစ်မည်ဖြစ်ကြောင်း ဝန်ကြီးးချုပ်ဖြစ်သူ မန်နျူရယ်ဗဲလ်က ပြောသည်။

"ခုထိဆိုရင် လုံလောက်ပြီထင်ပါတယ်။ နောက်ပိုင်းတော့ အစိုးရအနေနဲ့ အလုပ်သမားအဖွဲ့တွေ ချထားတဲ့ စည်းအကာအရံတွေကို ဖြိုချပစ်တော့မှာပဲဖြစ်တယ်။"ဟု ၎င်းက ပြောသည်။

ပြင်သစ်အလုပ်သမားသပိတ်သည် တစ်ဖြည်းဖြည်း ပျံ့နှံ့လျက်ရှိရာ တစ်နိုင်ငံလုံးအနှံ့ရှိ ရေနံချက်စက်ရုံများ၊ လောင်စာအသယ်အပို့လုပ်ငန်းများနှင့် လောင်စာဆီရောင်းချခြင်းများကို သက်ရောက်လျက်ရှိသည်။

အစိုးရက ဆီအရောင်းဆိုင် ၁၀ ဆိုင်လျှင် နှစ်ဆိုင်နှုန်းသာ သပိတ်သက်ရောက်မှုဒဏ်ခံရသည်ဟုဆိုသော်လည်း မော်တော်ယဉ်များ ဆီရရှိရေးတွင် ပြဿနာများ ဖြစ်ပေါ်လျက်ရှိနေပြီလည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required