မန်ချက်စတာယူနိုက်တက်နှင့်စာချုပ်ရန် အီဘရာဟီမိုဗစ်သဘောတူခဲ့ပြီဟု သတင်းထွက်

မန်ချက်စတာယူနိုက်တက်နှင့်စာချုပ်ရန် အီဘရာဟီမိုဗစ်သဘောတူခဲ့ပြီဟု သတင်းထွက်

မေ ၂၄၊ မန်ချက်စတာ။              ။ အီဘရာဟီမိုဗစ်သည် မန်ချက်စတာယူနိုက်တက်အသင်းနှင့်စာချုပ်ရန် သဘောတူခဲ့ပြီဟု နယ်သာလန်သတင်းစာ ဒီတယ်လီဂရပ်ဖ်က ဖော်ပြ လိုက်သည်။

လာမည့်လကုန်တွင် ပြင်သစ်လိဂ်ကလပ်နှင့်စာချုပ်ကုန်တော့မည့် ပီအက်စ်ဂျီတိုက်စစ်မှူးသည် အင်တာမီလန်တွင်ကစားစဉ်က နည်းပြဟောင်းဖြစ်ခဲ့သူ မော်ရင်ဟိုနှင့်ပြန်လည်လက်တွဲတော့မည်ဟု သတင်းထွက်လာခြင်းဖြစ်သည်။

စာချုပ်သက်တမ်းသုံးနှစ်၏ နောက်ဆုံးတစ်နှစ်သက်တမ်းကိုဆက်လက်ကိုင်တွယ်တော့မည်မဟုတ်ဟု ဗန်ဟားလ်က တနင်္လာနေ့တွင်ပြော လိုက်ပြီးနောက် မော်ရင်ဟိုကို ယူနိုက်တက်နည်းပြအဖြစ် မြင်တွေ့ရတော့မည်ဖြစ်သည်။

အီဘရာဟီမိုဗစ်ကို ငွေသုံးနိုင်သောဥရောပကလပ်များအပြင်၊ အမေရိကန်မေဂျာလိဂ်၊ တရုတ်စူပါလိဂ်တို့ကလည်း စိတ်ဝင်စားနေသော်လည်း ကစားသမားကိုယ်တိုင်က ပရီးမီးယားလိဂ်တွင် ပထမဆုံးအကြိမ်အဖြစ် လာရောက်ကစားချင်နေသည်။

ယူနိုက်တက်နှင့်ချုပ်ဆိုမည့်စာချုပ်တွင် ကစားသမားဘဝကုန်ဆုံးပါက လက်ထောက်နည်းပြအဖြစ်ပြန်လည်ခန့်အပ်ပေးရမည်ဟူသော အချက်လည်းပါနေသည်ဟု သတင်းများကဖော်ပြနေသည်။

ပီအက်စ်ဂျီမှထွက်ခွာရန်ကြေညာစဉ်က "ဘုရင်တစ်ပါးလိုရောက်လာပြီး ဂန္ထဝင်တစ်ယောက်လို ပြန်ထွက်ခဲ့တယ်"ဟု ပွဲ ၁၈၀ ကစား၊ ၁၅၆ ဂိုးသွင်းနိုင်ခဲ့သည့် အသက် ၃၄ နှစ်အရွယ်ကစားသမားက ပြောသည်။

Ref; Independent

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly