အသေးစား၊ အလတ်စားလုပ်ငန်းတွေ အပေါင်ပစ္စည်းမလိုဘဲ အာမခံဖြင့် ငွေချေးနိုင်

အသေးစား၊ အလတ်စားလုပ်ငန်းတွေ အပေါင်ပစ္စည်းမလိုဘဲ အာမခံဖြင့် ငွေချေးနိုင်

အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းတွေကိုအပေါင်ပစ္စည်းမလိုပဲအာမခံစနစ်နဲ့ ငွေချေးလို့ရအောင် မြန်မာ့အာမခံလုပ်ငန်းက ၂၀၁၄ ခုနှစ်ကတည်းက လုပ်ကိုင်လာတာဟာဆိုရင် ဒီနှစ်ထဲမှာတော့ အဲလိုမျိုးငွေချေးနိုင်မယ့် လမ်းစတစ်ချို့ကိုတော့ တွေ့မြင်လာနေရပါပြီ။ 

လူငယ်အရွယ်ကတည်းက စက်ပစ္စည်းတွေတီထွင်ရတာ စိတ်ဝင်စားတဲ့ ဦးမျိုးသန့်တစ်ယောက် သူ့ရဲ့လုပ်ငန်းတိုးချဲ့ဖို့ ငွေအရင်းအနှီးလိုအပ်ချက် ရှိလာနေတယ်လို့ ပြောပြလာပါတယ်။

"ဦကတော့ လုပ်ငန်းကိုတိုးချဲဖို့ဘဲလေဦး..လက်ရှိတီထွင်ထားတဲ့ ကျောက်မီးသွေးမီးဖိုဆိုတာ ဦးတို့နိုင်ငံမှာ လောင်စာအစားထိုးလိုအပ်နေတယ်။ အရမ်းကိုလိုအပ်နေတဲ့အတွက် ဒီလုပ်ငန်းကိုတွင်ကျယ်ဖို့အတွက် အရင်းအနှီးက များလေကောင်းလေပေါ့။" လို့ အသေးစားစက်မှုလက်မှု လုပ်ငန်းရှင် ဦးမျိုးသန့်က မဇ္ဈိမကို ပြောပါတယ်။ 

ဒါကြောင့် စက်မှုဝန်ကြီးဌာနကိုချေးငွေ သိန်း ၅၀၀ ကျပ်ရရှိအောင် ချေးပေးနိုင်ဖို့ တင်ပြထားပြီးဖြစ်တယ်လို့ ဦးမျိုးသန့်က ပြောပြထားပြီး ဝန်ကြီးဌာနဘက်ကလည်း အပေါင်ပစ္စည်းမလိုဘဲ အာမခံစနစ်နဲ့ ငွေချေးပေးနိုင်အောင် ပြည်တွင်းပုဂ္ဂလိကဘဏ်ဖြစ်တဲ့ CB ဘဏ်ကို တစ်ဆင့်တင်ပြထားပြီးဖြစ်ပါတယ်။

CB ဘဏ်ရဲ့ Executive Vice Chairman & CEO ဦးကျော်လွင်က "အခုလောလောဆယ် ကိုလထရယ်ပါတာတော့ လစ်မစ်က ကြီးပါတယ်။ အပေါင် ပစ္စည်းမပါဘဲနဲ့ ပေးရမယ့်ဟာကို အခုလောလောဆယ် သိန်း၂၀၀ အနေနဲ့ သတ်မှတ်ထားပါတယ်။ ဒါကလည်းဒီလုပ်ငန်းရဲ့အခြေအနေကြည့်ပြီးတဲ့အခါမှာ ဒီသိန်း ၂၀၀ ကိုလည်း အခြေအနေကြည့်ပြီးတော့ တိုးတိုးပေးသွားလို့ရပါတယ်။ တကယ်တမ်းကတော့ ကျွန်တော်တို့ ဘဏ်တွေအနေနဲ့လည်း SME ကဏ္ဍကို တစ်ထောင့်တစ်နေရာကနေ ဘယ်လိုလုပ်ပေးနိုင်မလဲဆိုပြီး လုပ်တာပါ။" လို့ ရှင်းပြပါတယ်။ 

မြန်မာ့အာမခံလုပ်ငန်းအနေနဲ့ ၂၀၁၄ ခုနှစ်ကတည်းကနေ အပေါင်ပစ္စည်းမလိုဘဲ အာမခံကြေးပေးသွင်းတာနဲ့ ငွေချေးပေးလို့ရအောင် ဆောင်ရွက်ခဲ့တာဖြစ်ပြီး ၂၀၁၆ ခုနှစ်ရောက်မှ CB ဘဏ်ကနေတစ်ဆင့် အာမခံစနစ်နဲ့ အသေးစားအလတ်စားလုပ်ငန်းတွေကို ငွေချေးပေးနိုင်မယ့် စနစ်ကိုအကောင် အထည်ဖော်နိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအတွက် အာမခံကြေးအနေနဲ့ ချေးငွေရပြီး ပထမနှစ်မှာ ၃ % ..ဒုတိယနှစ်အတွက် ၂.၅ % နဲ့ နောက်နှစ် တွေအတွက် ၂ % ဆီ ဘဏ်ကပေးသွင်းသွားရမှာဖြစ်ပါတယ်။

"အပေါင်ပစ္စည်းမလိုတဲ့ကိစ္စကို ချေးငွေထုတ်ပေးလိုက်ရတဲ့ ဂရန်တီထုတ်ပေးလိုက်တဲ့ တစ်ရာအပေါ်မှာအန်တီတို့က သုံးကျပ်ယူပါတယ် သုံကျပ်ထဲယူပါတယ်။ လူတစ်ယောက်ကိုသုံးကျပ်ထဲယူပြီးတော့ တကယ်လို့များ သူပြန်မဆက်တော့ရင် အန်တီတို့က အဲတစ်ရာပေါ်က ၆၀ ဆပ်ရမှာပါ။ သုံးကျပ်ပေါ်ကနေ ၆၀ ဆပ်ရမှာပါ။ နောက်နှစ်ကြတော့ နှစ်ကျပ်ခွဲနောက်နှစ်ကြတော့ နှစ်ကျပ် အဲလိုအာမခံပရီမီယံကြေးပါ။" လို့ မြန်မာ့အာမခံလုပ်ငန်းရဲ့ ဒုတိယ အထွေထွေမန်နေဂျာ ဒေါ်လှလှမွန်က ပြောပါတယ်။ 

လက်ရှိအချိန်မှာ မြန်မာနိုင်ငံမှာမှတ်ပုံတင်ထားတဲ့ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းပေါင်း လေးသောင်းရှိပြီး မှတ်ပုံတင်ထားခြင်းမရှိတဲ့ လုပ်ငန်းအနေနဲ့လည်းလေးသောင်းကျော်လောက်ရှိတယ်လို့ စက်မှုဝန်ကြီးဌာနရဲ့ အချက်အလက်တွေအရသိရပါတယ်။ မြန်မာနိုင်ငံဘဏ်လုပ်ငန်းတွေထဲမှာ ပြည်တွင်းဘဏ် ၂၃ ခုရှိတဲ့အနက် သေးစားအလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးဘဏ်အနေနဲ့ လွန်ခဲ့တဲ့ အချိန်း ၃ နှစ်ထဲမှာတိုင်းနဲ့ပြည်နယ်အသီးသီးကလုပ်ငန်းပေါင်း ၄၀၀ ကိုကျပ်ငွေဘီလီယံပေါင်း ၁၃၀ ချေးပေးထားပြီးဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required