အမေရိကန်မေဂျာလိဂ်တွင် လစာငွေအများဆုံးရသည့် ကစားသမားအဖြစ် ကာကာ ရပ်တည်

အမေရိကန်မေဂျာလိဂ်တွင် လစာငွေအများဆုံးရသည့် ကစားသမားအဖြစ် ကာကာ ရပ်တည်

မေ ၂၀၊ အမေရိကန် ။            ။ အေစီမီလန်နှင့် ရီးယဲလ်ကွင်းလယ်ကစားသမားဟောင်း ကာကာသည် အမေရိကန်မေဂျာလိဂ်ပြိုင်ပွဲတွင် လစာငွေအများဆုံးရရှိသည့် ကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

အော်လန်ဒိုစီးတီးအသင်းတွင် ကစားလျက်ရှိသည့် ကာကာသည် တစ်နှစ်လျှင်လစာငွေ ပေါင်ငါးသန်းနီးပါး ရရှိနေပြီး ပြီးခဲ့သည့်ရာသီက လစာငွေအများဆုံးရသည့် ဂျီယိုဗင်ကို ကို ကျော်ဖြတ်ပြီး လစာအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။  

အမေရိကန်အသင်းအတွက် ၁၁၃ ပွဲ ကစားပေးထားသည့် တိုရွန်တိုကွင်းလယ်လူ ဘရက်ဒလေမှာ အဆင့်သုံးနေရာတွင် ရှိနေသည်။

အယ်လ်အေဂလက်ဆီတွင်ကစားနေသည့် ဂျရတ်နှင့် နယူးယော့ခ်စီးတီးမှ လမ်းပတ်တို့သည် တစ်နှစ်လျှင် ပေါင်လေးသန်းကျော် ရရှိနေကြသော်လည်း အဆင့်လေးနှင့်ငါးတွင်သာ ရပ်တည်ခဲ့ကြသည်။ ၎င်းတို့၏နောက်တွင် ပီယာလိုနှင့် ဒေးဗစ်ဗီလာတို့ ရှိနေကြသည်။

အခြားပရီးမီးယားလိဂ်ကစားသမားဟောင်းများဖြစ်သည့် ရော်ဘီကန်းမှာ အဆင့်(၁၁)၊ တင်ဟောင်းဝပ်မှာ အဆင့်(၁၂)၊ ဒရော့ဂ်ဘာမှာ အဆင့်(၁၃)တို့တွင် အသီးသီးရပ်တည်နေကြသည်။

မေဂျာလိဂ်ပြိုင်ပွဲတွင် လူငယ်ကစားသမားများနှင့် သာမန်ကစားသမားများမှာ တစ်နှစ်လျှင် ပေါင် သုံးသောင်းခွဲလောက်သာ ရရှိကြသည်။ ရာသီသစ်မစတင်မီက ကစားသမားများကို အီးအက်စ်ပီအန်က အင်တာဗျူး ပြုလုပ်ခဲ့ရာတွင် ၈၅ ရာခိုင်နှုန်းက လစာငွေပေးချေမှုမှာ ညီမျှမှု မရှိဟု ဖြေဆိုခဲ့ကြသည်။

ရည်ညွှန်း သည်ဆန်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly