အိမ်မွေးခွေးလေးကို မက်ဆီလို့နာမည်ပေးထားတဲ့ အစ္စကိုတို့ မိသားစု

အိမ်မွေးခွေးလေးကို မက်ဆီလို့နာမည်ပေးထားတဲ့ အစ္စကိုတို့ မိသားစု

မေ ၂၀၊ စပိန် ။              ။ ရီးယဲလ်ကစားသမား အစ္စကိုတို့ မိသားစုသည် ၎င်းတို့ မွေးထားသော အိမ်မွေးခွေးလေး၏အမည်အား မက်ဆီဟု ပေးထားကြသည်။

ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး အစ္စကိုက ခွေးလေး၏အမည်ကို မက်ဆီဟု မှည့်ခေါ်ကြခြင်းမှာ အစ်ကိုဖြစ်သူနှင့် အဖေဖြစ်သူတို့၏ အိုင်ဒီယာသာဖြစ်ကြောင်းနှင့် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီမှာ ၎င်းအလွန်လေးစားသည့် ကစားသမားတစ်ဦးဖြစ်ကြောင်း ရှင်းလင်းပြောဆိုခဲ့သည်။

'အစ်ကိုနဲ့ အဖေတို့က ခွေးလေးကို မက်ဆီလို့ နာမည်ပေးခဲ့ကြတာပါ။ ကျွန်တော်က ရီးယဲလ်ကစားသမားဖြစ်လို့ ဒီလိုပေးတာ မဟုတ်ပါဘူး။ ရီးယဲလ်ကစားသမားဖြစ်တာက သက်သက်၊ ဒီကိစ္စက သက်သက်ပါ။

အခုဒီခွေးလေးက ကျွန်တော့်မိဘတွေရဲ့ အိမ်မှာ။ လမ်းမှာ သူ့ကို မက်ဆီလို့ ခေါ်ကြမှာကို မြင်ယောင်ကြည့်မိပါတယ်။ ဒါကြောင့် သူနဲ့အတူ လမ်းမလျှောက်တော့ပါဘူး' ဟု အစ္စကိုက ပြောဆိုခဲ့သည်။

ရည်ညွှန်း စပို့ဘိုင်ဘယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly