အာဆင်နယ်တိုက်စစ်မှူးပိုဒေါလ်စကီး ဂါလာတာစာရေးသို့ပြောင်းရွှေ့

အာဆင်နယ်တိုက်စစ်မှူးပိုဒေါလ်စကီး ဂါလာတာစာရေးသို့ပြောင်းရွှေ့

ဇူလိုင် ၅၊ လန်ဒန်။ ။ အာဆင်နယ်တိုက်စစ်မှူး ပိုဒေါလ်စကီးသည် ဂါလာတာစာရေးသို့ ပေါင် ၁ ဒသမ ၈ သန်းဖြင့်ပြောင်းရွှေ့သွားပြီး သုံးနှစ်စာချုပ်လိုက်ပြီဖြစ်သည်။

တူရကီချန်ပီယံဂါလာတာစာရေးအသင်းအနေဖြင့် ချန်ပီယံလိဂ်ဝင်ခွင့်ရရှိမှုအပေါ်မူတည်၍ ပြောင်းရွှေ့ကြေးကို ထပ်ဆောင်းပေးရမည်လည်း ဖြစ်သည်။

အသက် ၃၀ အရွယ်ရှိပိုဒေါလ်စကီးသည် ၂၀၁၂ ခုနှစ်တွင် ဂျာမန်ကလပ်ကိုလုံးမှ အာဆင်နယ်သို့ ပေါင် ၁၁ သန်းဖြင့်ပြောင်းရွှေ့ခဲ့ပြီး အာဆင်နယ်အတွက် ၈၂ ပွဲတွင် ၃၁ ဂိုးသွင်းပေးနိုင်ခဲ့သည်။

၂၀၁၃ ခုနှစ်တွင်အာဆင်နယ်အသင်းနှင့် အက်ဖ်အေဖလားရရှိခဲ့ပြီး ယမန်နှစ်ရာသီ ဒုတိယနှစ်ဝက်တွင် အင်တာမီလန်အသင်းသို့ အငှားသွားရောက်ကစားခဲ့သည်။

အာဆင်နယ်နည်းပြ ဝင်းဂါးသည် အိုဇေးလ်၊ ဆန်းချက်ဇ်၊ ဝဲလ်ဘတ်တို့ဖြင့်တိုက်စစ်အားဖြည့်ခဲ့သောကြောင့် ပိုဒေါလ်စကီး၏ပွဲထွက်ခွင့်မှာ ပိုမိုအကန့်အသတ်ဖြစ်လာခဲ့ရသည်။ ထို့ပြင် အာစင်ဝင်းဂါးအတွက်  ဝဲလ်ကော့၊ ဂီရော့ဒ်နှင့် ချိန်ဘာလိန်တို့လည်းရှိနေသေးသည်။

ဂါလာတာစာရေးဥက္ကဋ္ဌ အိုင်ဒင်အော့ဇ်ဘက်က ၂၀၁၄ ကမ္ဘာ့ဖလားရဂျာမနီလက်ရွေးစင် ပိုဒေါလ်စကီးမှာ ကာလရှည်ပစ်မှတ်တစ်ခုဖြစ်ခဲ့သည်ဟု ပြောသည်။ "ပိုဒေါလ်စကီးဟာ ကျွန်တော်တို့နှစ်ရှည်လများ လိုက်ခဲ့ရတဲ့ ကစားသမားတစ်ယောက်ဖြစ်ပါတယ်။ ကျွန်တော်တို့ပရိသတ်တွေရဲ့ မျှော်လင့်ချက်ကိုဖြည့်ဆည်းပေးနိုင်ခဲ့ပါပြီ။ ကျွန်တော်တို့အတွက်နှစ်ပေါင်းများစွာ သူကစားပေးနိုင်ဖို့မျှော်လင့်ပါတယ်"ဟု ပြောသည်။

Ref : BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly