ဒိုင်လူကြီးများ၏ မှားယွင်းသည့်ဆုံးဖြတ်ချက်လေးခုကြောင့် အနိုင်မရခဲ့ခြင်းဟု လီဗာပူးလ်နည်းပြ ကလော့ပ်ပြော

ဒိုင်လူကြီးများ၏ မှားယွင်းသည့်ဆုံးဖြတ်ချက်လေးခုကြောင့် အနိုင်မရခဲ့ခြင်းဟု လီဗာပူးလ်နည်းပြ ကလော့ပ်ပြော

မေ ၁၉၊ ဘေဆယ်  ။              ။ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်တွင် ဆီဗီလာအသင်းကို ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက်တွင် လီဗာပူးလ်အသင်းနည်းပြ ဂျာဂင်ကလော့ပ်က ဒိုင်လူကြီးများ၏မှားယွင်းသော ဆုံးဖြတ်ချက်လေးခုကြောင့် ရှုံးနိမ့်ခဲ့ရခြင်း ဖြစ်ကြောင်း ပြောဆိုလိုက်သည်။

ထိုပွဲစဉ်တွင် လီဗာပူးလ်အသင်းသည် စတူးရစ်ချ်၏သွင်းဂိုးဖြင့် ပထမပိုင်းတွင် ၁-၀ ဖြင့် ဦးဆောင်နိုင်ခဲ့သော်လည်း ဒုတိယပိုင်းတွင် ဂိုးများပြန်ပေးခဲ့ရသည့်အတွက် ရှုံးနိမ့်ခဲ့ရသည်။ ပထမပိုင်းတွင် ပင်နယ်တီဧရိယာစည်းအတွင်း လက်သုံးကြိမ်ထိခဲ့ခြင်းကို ကွင်းလယ်ဒိုင်က ပြစ်ဒဏ်ဘောမပေးခဲ့သလို ဆီဗီလာမှ ကိုကီသွင်းယူခဲ့သည့် လူကျွံဘောဂိုးကိုလည်း ခွင့်ပြုပေးခဲ့သည်။

'ဒီနေ့ပွဲမှာ အရေးပါတဲ့ ဆုံးဖြတ်ချက် လေးခုကြောင့် ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။ ဗိုလ်လုပွဲ ကစားတဲ့နေရာမှာ ကံကောင်းမှုတော့ အနည်းငယ်လိုအပ်ပါတယ်။ ကျွန်တော်တို့ လုံးဝကံမကောင်းခဲ့ပါဘူး။ အစကတည်းက ၂-၀ နဲ့ ရှုံးနေခဲ့တယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အခြေအနေက ကွဲပြားမှာပါ။

အခုတော့ ကျွန်တော်တို့ စိတ်ပျက်ရပါတယ်။ မနက်ဖြန်ပြီးတော့ တစ်ပတ်လောက်ကြာရင် အခြေအနေက ပိုပြီး ရှင်းလင်းသွားပါလိ့မ်မယ်။ နောက်ရာသီမှာ ကျွန်တော်တို့ ဥရောပပြိုင်ပွဲတွေ ဝင်ခွင့်မရတော့ပါဘူး။ ဗုဒ္ဓဟူးနဲ့ ကြာသပတေးလို ကြားရက်တွေမှာ ပွဲကစားစရာမရှိဘူးဆိုတော့ ပိုပြီးလေ့ကျင့်နိုင်မှာပါ။ ကျွန်တော်တို့ အကောင်းဆုံးပုံစံနဲ့ ပြန်လာခဲ့ပါ့မယ်' ဟု ဂျာဂင်ကလော့ပ်က ပြောဆိုခဲ့သည်။

ရည်ညွှန်း စကိုင်းစပို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly