အက်စတွန်ဗီလာအသင်းကို တရုတ်စီးပွားရေးလုပ်ငန်းရှင်ဝယ်ယူ

အက်စတွန်ဗီလာအသင်းကို တရုတ်စီးပွားရေးလုပ်ငန်းရှင်ဝယ်ယူ

မေ ၁၉၊ ဘာမင်ဂမ်။               ။ တရုတ်စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာတိုနီရှီရာသည် အက်စတွန်ဗီလာအသင်းကို ပေါင်သန်း ၆၀ ဖြင့် ဝယ်ယူရန် သဘောတူခဲ့သည်။

ယင်းအရောင်းအဝယ်ကိစ္စကို ဘောလုံးလိဂ်မှအတည်ပြုရန်သာကျန်တော့ပြီး ရှီရာအသင်းသည် အသင်းကိုအလုံးစုံပိုင်ဆိုင်သူနှင့် အသင်း ဥက္ကဋ္ဌ ဖြစ်လာမည်ဖြစ်သည်။

၂၀၀၆ တွင် အက်စတွန်ဗီလာကို ပေါင် ၆၂ ဒသမ ၆ သန်းဖြင့် ဝယ်ယူခဲ့သော အမေရိကန်ဘီလျံနာ ရန်ဒီလာနာသည် အသင်းကို ၂၀၁၄ ကတည်းက အရောင်းစာရင်းတင်ထားခဲ့ခြင်းဖြစ်သည်။

"အသင်းကိုဂရုစိုက်ပြီး အနာဂါတ်ကောင်းတွေ ယူဆောင်ပေးမယ့် သင့်တော်သူကို ရှာဖွေခဲ့ပါတယ်"ဟု အသင်းမှထုတ်ပြန်သော ကြေညာချက် တွင် ရန်ဒီလာနာက ရေးထားသည်။

အက်စတွန်ဗီလာအသင်း၏နည်းပြသစ်မှာလည်း နီဂျယ်ပီယာဆင် သို့မဟုတ် ဒီမတ်တီယိုဖြစ်လာဖွယ်ရှိနေသည်။ ရှီရာအနေဖြင့် အသင်းပိုင်ရှင် ဖြစ်မလာမီ ဘဏ္ဍာရေးစစ်ဆေးအတည်ပြုမှု ခံယူရဦးမည်ဖြစ်သည်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly