ဂျပန်နိုင်ငံက အမြန်စား ခေါက်ဆွဲများကို ထုတ်လုပ်သည့် Acecook စီးပွားရေးလုပ်ငန်းစုက မြန်မာနိုင်ငံရှိ သီလဝါအထူးစီးပွားရေးဇုံတွင် စက်ရုံတစ်ခု တည်ထောင်သွားကာ ၂၀၁၇ခုနှစ်အတွင်း စတင်လည်ပတ်မည်ဟု သိရသည်။
စက်ရုံကို အမေရိကန်ဒေါ်လာ သန်း ၂၀ ကုန်ကျခံ ဆောက်လုပ်မည်ဖြစ်ပြီး စက်ရုံပြီးပါက တစ်နှစ်ခေါက်ဆွဲခြောက်ထုတ် ယူနစ်သန်း၃၀၀အထိ ထုတ်လုပ်ရောင်းချရန် မျှော်မှန်းထားသည်ဟု ဆိုသည်။
Credit: မြဝတီသတင်းစာ