MPT ဖုန်းခေါ်ဆိုခများ ၂၃ကျပ်သို့ လျော့ချ

MPT ဖုန်းခေါ်ဆိုခများ ၂၃ကျပ်သို့ လျော့ချ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT၏ ဖုန်းခေါ်ဆိုခ နှုန်းထားများကို ဇူလိုင် ၈ရက် ၀၀:၀၀:၀၁ နာရီမှ စ၍ ၂၃ကျပ်ဖြင့် ခေါ်ဆိုနိုင်မည်ဟု မြန်မာ့ဆက်သွယ်ရေးက ယနေ့ ထုတ်ပြန်လိုက်သည်။

ဆွေသဟာ အစီအစဉ်ဖြင့် ခေါ်ဆိုခသည် မူလ ၃၅ကျပ်ဖြစ်ပြီး ဇူလိုင်လ ၈ရက်တွင်မူ ၂၃ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက်ခြင်းဖြစ်သည်။ ယင်းအပြင် ယခင် တစ်မိနစ် ၅၀ကျပ်ဖြင့် သုံးစွဲနေသည့် CDMA 450/800 ဖုန်းများလည်း အကျုံးဝင်မည် ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။ 

"CDMA 450/800 ကို သုံးစွဲသူများအတွက်လည်း ဖုန်းခေါ်ဆိုခ ယခင် တစ်မိနစ်လျှင် ၅၀ကျပ်မှ ယခု တစ်မိနစ် ၂၃ကျပ်သို့ ပြောင်းလဲ သတ်မှတ်လိုက်ပြီဖြစ်သည်"ဟု မြန်မာ့ဆက်သွယ်ရေးက ထုတ်ပြန်ထားခြင်း ဖြစ်သည်။ 

ယင်းအပြင် ဈေးနှုန်းသစ် သတ်မှတ်သည့် အထိမ်းအမှတ်အဖြစ် ဇူလိုင် ၅ရက်မှ ၇ရက်အတွင်း MPT ဖုန်း ငွေဖြည့်ကတ်ဖြည့်သူများအတွက် အပိုဆောင်းငွေ ၅၀ရာခိုင်နှုန်းအထိ ထပ်ဆောင်းပေးမည်ဖြစ်သည်။ ယင်းအပိုဆောင်းငွေကို ဇူလိုင် ၃၁ရက် မတိုင်မှ MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှု နှင့် အင်တာနက်ပါ အသုံးပြုနိုင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required