ယူရိုပါလိဂ် ဗိုလ်လုပွဲ ပွဲကြို သုံးသပ်ချက်

ယူရိုပါလိဂ် ဗိုလ်လုပွဲ ပွဲကြို သုံးသပ်ချက်

လီဗာပူး - ဆီဗီလာ

-----------------------

(နံနက် ၀၁း၁၅၊ ဘေဆယ်၊ St. Jakob-Park)

--------------------------------------------------

ထိပ်တိုက်တွေ့ဆုံမှု

-------------------------

မရှိ

---------------------

လီဗာပူး၏ နောက်ဆုံးသုံးပွဲ

--------------------------------

ဝက်စ်ဘရွန်း ၁-၁ လီဗာပူးလ် (သရေ/ဂိုးအောက်)

လီဗာပူးလ် ၁-၁ ချယ်လ်ဆီး (ကြေးကျ/ဂိုးအောက်)

လီဗာပူးလ် ၂-၀ ဝက်ဖို့ဒ် (ကြေးအောင်/ဂိုးအောက်)

-----------------------------------

ဒဏ်ရာရ ပွဲပယ် - ဒန်နီအင့်စ်(ရှေ့)၊ အိုရီဂီ(ရှေ့/မသေချာ)၊ ဆာခို(နောက်/ပွဲပယ်)

-------------------------------

ဖြစ်နိုင်ဖွယ် ပွဲထွက်ကစားသမားစာရင်း(၄-၂-၃-၁)

--------------------------------------------

ဂိုး - မစ်ဂ်နိုလက်

နောက် - မိုရီနို၊ တိုရေး၊ လိုဗရန်၊ ကလိုင်နီ

လယ် - မီလ်နာ၊ အမ်မရီကန်၊ ကော်တင်ဟို၊ ဖာမီနို၊ လယ်လာနာ

ရှေ့ - စတူးရစ်ချ်

---------------------

လီဗာပူးလ်တို့ဟာ နောက်ဆုံးလေးပွဲမှာ ဗီလာရီးယဲလ်နဲ့ ဝက်ဖို့ဒ်ကို နိုင်ပြီး ချယ်လ်ဆီး၊ ဝက်စ်ဘရွန်းတို့နဲ့ သရေကျထားပါတယ်။ အဲ့ဒီလေးပွဲမှာ ၇ ဂိုးသွင်းပြီး ၂ ဂိုးပဲ ပြန်ပေးခဲ့ရပါတယ်။ တိုက်စစ်ပိုင်းက ဂိုးသွင်းခြေရှိနေသလို၊ ခံစစ်ပိုင်းမာကျောလာတာကိုလည်း တွေ့ရမှာပါ။

ဒီနှစ်ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဗီလာရီးယဲလ်တစ်သင်းကိုသာ ဆီမီးဖိုင်နယ်ပကျော့မှာ ၁-၀ နဲ့ ရှုံးခဲ့ပြီး လုံး၀ ရှုံးပွဲ မရှိခဲ့ပါဘူး။ မန်ယူ၊ ဒေါ့မွန်၊ ဗီလာရီးယဲလ်တို့လို အသင်းကောင်းတွေကို ကျော်ဖြတ်ပြီး ထိုက်ထိုက်တန်တန် ဗိုလ်လုပွဲကို တက်လာတာ ဖြစ်ပါတယ်။

နည်းပြ ဂျာဂင်ကလော့ပ်ရဲ့ လက်ထက်မှာ အကောင်းဆုံးပုံစံ မရသေးပေမယ့် ကစားပုံနဲ့ စိတ်ဓာတ်ပိုင်း တိုးတက်လာတာကို မြင်တွေ့ရပါတယ်။ ကလော့ပ်က ပရီးမီးယားလိဂ်နဲ့ သိပ်အထာမကျသေးပေမယ့် ဥရောပပြိုင်ပွဲမှာတော့ ရလဒ်ကောင်းအောင် ဘယ်လိုကစားရမလဲဆိုတာ ကောင်းကောင်းဦးဆောင်နိုင်ခဲ့ပါတယ်။ အသင်းခေါင်းဆာင်ဟန်ဒါဆန်နဲ့ တိုက်စစ်မှူး အိုရီဂီတို့ ကြံ့ခိုင်မှု မပြည့်သေးပေမယ့် ဒီပွဲမှာ ပါဝင်လာဖို့တော့ ရှိနေပါတယ်။

၂၀၀၀-၀၁ ယူအီးအက်ဖ်အေဖလားမှာ ဗိုလ်စွဲပြီးတဲ့နောက် ပထမဆုံးအဖြစ် ယူရိုပါလိဂ်ဗိုလ်လုပွဲကို ရောက်လာခဲ့တာပါ။ လေးကြိမ်မြောက် ယူရိုလိဂ်ဖလားကို ရယူဖို့ လီဗာပူးလ်တို့ စိတ်အားထက်သန်နေမှာ သေချာပါတယ်။

--------------

ဆီဗီလာ၏ နောက်ဆုံးသုံးပွဲ

---------------------------

ဘီလ်ဘာအို ၃-၁ ဆီဗီလာ (ကြေးကျ/ဂိုးပေါ်)

ဆီဗီလာ ၁-၄ ဂရန်နာဒါ (ကြေးကျ/ဂိုးပေါ်)

ဆီဗီလာ ၃-၁ ရှက်တာဒိုးနက် (ကြေးအောင်/ဂိုးပေါ်)

---------------------------

ဒဏ်ရာရ/ပွဲပယ် - ရီယက်စ်(ရှေ့)၊ ခရွန်ဒီလီ(လယ်)

-----------------------------

ဖြစ်နိုင်ဖွယ် ပွဲထွက်ကစားသမားစာရင်း (၄-၂-၃-၁)

--------------------------------

ဂိုး - ဒေးဗစ်ဆိုရီယာ

နောက် - အက်စ်ကျူဒီယို၊ ကာရီကို၊ ရာမီ၊ မာရီယာနို

လယ် - ခရိုင်ချိုဝပ်၊ အန်ဇွန်ဇီ၊ ကိုကီ၊ ဘာနီဂါ၊ ဗီတိုလို

ရှေ့ - ဂါမီရို

-------------

ဆီဗီလာတို့ဟာ နောက်ဆုံးငါးပွဲမှာ ရှက်တာဒိုးနက်တစ်ပွဲပဲ နိုင်ခဲ့ပြီး သုံးပွဲရှုံး တစ်ပွဲသရေကျခဲ့ပါတယ်။ အဲ့ဒီငါးပွဲမှာ ၇ ဂိုးသွင်းပြီး ၁၁ ဂိုးအထိ ပြန်ပေးခဲ့ရပါတယ်။ ရလဒ်ပိုင်းကျဆင်းနေတယ်လို့ ပြောရမှာပါ။ ဒါပေမဲ့ ဆီဗီလာတို့ဟာ နောက်ပိုင်းပွဲတွေမှာ သိပ်အားမစိုက်တော့ပဲ ယူရိုပါလိဂ်အတွက် အားတွေချန် ကစားနေတာ သိသာပါတယ်။

ဆီဗီလာကလည်း လီဗာပူးလ်လိုပဲ ဒီနှစ် ယူရိုပါလိဂ်မှာ မိုလ်ဒီတစ်သင်းကိုပဲ ရှုံးခဲ့ပြီး လုံးဝရှုံးပွဲမရှိရလဒ်နဲ့ ဗိုလ်လုပွဲကို ရောက်လာတာပါ။ ဘေဆယ်၊ ဘီလ်ဘာအို၊ ရှက်တာဒိုးနက်တို့ကို ကျော်ဖြန်ပြီး ဖိုင်နယ်ကို တက်လာခဲ့တာပါ။

ပြီးခဲ့တဲ့ ၂ နှစ်ဆက်တိုက် ယူရိုပါလိဂ်ဖလားကို ရယူထားနိုင်တဲ့ ဆီဗီလာတို့ သုံးနှစ်ဆက် ဆုဖလားအတွက် အစွမ်းကုန် ကစားမယ်ဆိုတာ သေချာလွန်းပါတယ်။ စပိန်ကလပ်ဟာ ယူရိုပါလိဂ်ဖလားကို လေးကြိမ်ရရှိထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ်လည်း ရပ်တည်နေတာပါ။

နည်းပြ အမ်မရီရဲ့ လက်အောက်မှာ ဆီဗီလာက အနိုင်ရသင့်တဲ့ ပွဲတွေကို ပုံမှန် အနိုင်ရခဲ့တာ တွေ့ရပါတယ်။ ရီယက်စ်ကလွဲလို့ အဓိက ကစားသမားအားလုံးလည်း ဒဏ်ရာကင်းစင်နေကြလို့ အင်ပြည့်အားပြည့်နဲ့ ကစားနိုင်စွမ်း ရှိနေပါတယ်။ ငါးကြိမ်မြောက်ချန်ပီယံဆု၊ သုံးနှစ်ဆက်ချန်ပီယံ၊ အအောင်မြင်ဆုံးအသင်း ဒီဂုဏ်ပုဒ်တွေအတွက် ဆီဗီလာမြို့သားတွေ အားကုန်ကြဲပါလိ့မ်မယ်။

----------------------

နှစ်သင်းစလုံးကတော့ သူ့ပုံစံနဲ့သူ၊ မျှော်လင့်ချက်၊ ရည်မှန်းချက်ကိုယ်စီနဲ့ အကောင်းဆုံးပွဲထွက်လာမှာ သေချာပါတယ်။ လက်ရှိခြေစွမ်းအရလည်း ဘယ်သူက ပိုပြီးသာတယ်ဆိုတာမျိုး ပြောလို့ မရပါဘူး။

Asianbookie မှာ လီဗာပူးလ်က သရေကို ၃၀ ရှုံးလောက် ပေးထားပြီး ဂိုးပေါင်းက ၂ လုံး ၃၀ ရှုံးလောက် ဖွင့်လှစ်ထားပါတယ်။ အာရှအကြိုက်မှာတော့ ဆီဗီလာကို လူကြိုက်များနေပြီး တစ်ချို့ အင်တာနက်ဆိုက်တွေမှာတော့ သရေကျဖို့ များတယ်လို့ ခန့်မှန်းထားကြပါတယ်။

Whoscored ဝက်ဘ်ဆိုက်ကတော့ လီဗာပူးလ် ၃-၂ နဲ့ နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ နည်းပြ နှစ်ဦးစလုံးက ဥရောပပြိုင်ပွဲ အတွေ့အကြုံရှိသူတွေဖြစ်လို့ နည်းဗျူဟာပိုင်း အမှားအယွင်းတွေ မြင်တွေ့ရဖို့ မရှိလောက်ပါဘူး။ ခြေစွမ်းကလည်း မကွာတာကြောင့် ပြိုင်ပွဲအတွင်း ကံကြမ္မာနဲ့ ကြိုးစားအားထုတ်မှု ပိုတဲ့အသင်းက အသာရသွားဖို့ ရှိပါတယ်။ ကျွန်တော့်အနေနဲ့ ဆိုရင်တော့ မိနစ် ၉၀ အတွင်းမှာ သရေကိုပဲ ဦးတည်သွားလိမ့်မယ်လို့ ထင်ပါတယ်။ ဒါကြောင့် ဆီဗီလာကို ရွေးပါမယ်။ ပရိသတ်အားလုံး ကံကောင်းကြပါစေဗျာ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required