မြန်မာသတင်းပညာ သိပ္ပံ ပထမဆုံးအကြိမ် ဒီပလိုမာ ပေးအပ်

မြန်မာသတင်းပညာ သိပ္ပံ ပထမဆုံးအကြိမ် ဒီပလိုမာ ပေးအပ်
၂၀၁၅ ခုနှစ် ဇူလိုင်လ ၄ ရက်က ရန်ကုန်မြို့ နိုဗိုတယ် ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာသတင်းပညာသိပ္ပံ၏ မာလ်တီမီဒီယာ သတင်းပညာ သင်တန်းဆင်းလက်မှတ် ချီးမြှင့်ပွဲအားတွေ့ရစဉ်။ ဓာတ်ပုံ-ဟောင်ဆာ(ရာမည)

မြန်မာသတင်းပညာ သိပ္ပံ(Myanmar Journalism Institute -MJI) ၏ ပထမဆုံးအကြိမ် ဒီပလိုမာ ပေးအပ်ခြင်း အဖြစ် ရန်ကုန်နှင့် မန္တလေးမှ သင်တန်းသားများကို ဇူလိုင် ၄ ရက်က  ဒီပလိုမာ ပေးအပ်ခဲ့သည်။

၂၀၁၄ ခုနှစ် မေလတွင် MJI ကို စတင်တည်ထောင်ပြီးနောက် ပထမဆုံးဖွင့်လှစ်သည့် တစ်နှစ်ကြာ Multimedia သင်တန်း တက်ရောက်ခဲ့ပြီး အောင်မြင်ခဲ့သည့် လုပ်ငန်းခွင်မှ ဂျာနယ်လစ် ၂၈ ဦးကို MJI ၏ ပထမဆုံးအကြိမ် အဖြစ် ဒီပလိုမာ ပေးအပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဒီပလိုမာ ပေးအပ်ပွဲကို ရန်ကုန်မြို့ရှိ၊ နိုဗိုတယ် ဟိုတယ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

တစ်နှစ်ကြာ သင်ကြားရသော အချိန်ပိုင်း Multimedia သင်တန်းအတွက် ရွေးချယ်ခံရသူများကို သတင်း ရေး သားနည်း၊ ရေဒီယို၊ ဗီဒီယို၊ ဒီဂျစ်တယ် ဂျာနယ်လစ်ဇင်နှင့် ပတ်သက်သည့် အကြောင်းအရာများ၊ ဆိုရှယ် မီဒီ ယာ၊ ရွေးကောက်ပွဲ သတင်းယူခြင်း၊ စုံစမ်းဖော်ထုတ် သတင်းရေးသားခြင်း၊ စီးပွားရေး သတင်း ရေးသားခြင်း ၊ မီဒီယာ ကျင့်ဝတ်နှင့် ဥပဒေ၊ အစိုးရနှင့် အုပ်ချုပ်မှု စသည့် အကြောင်းအရာများကို သင်ကြားပေး ခဲ့ခြင်းဖြစ် သည်။

MJI အနေဖြင့် မန္တလေး၊ မြစ်ကြီးနား၊ တောင်ကြီး၊ ပဲခူးနှင့် ပုသိမ်စသည့် မြို့ကြီး ငါးမြို့တွင် ရွေးကောက်ပွဲ သတင်းယူခြင်း သင်တန်းများကိုလည်း လေ့ကျင့်သင်ကြားပေးခဲ့သည်။

ယင်းအပြင် သတင်းစာလောက ဝင်ရောက်မည့်သူများအွက် အချိန်ပြည့် သတင်းစာပညာ ဒီပလိုမာ သင်တန်းကိုလည်း MJI က လာမည့် သြဂုတ် ၃ ရက်တွင် ဖွင့်လှစ်တော့မည် ဖြစ်ပြီး သင်တန်း လျှောက်လွှာ များကို လက်ခံနေပြီဖြစ်ရာ ဇူလိုင် ၁၁ ရက်တွင် နောက်ဆုံး ဖောင်ပိတ်ရက်ဖြစ်သည်။

MJI ကို ပြင်သစ်သံရုံး၊  ဂျာမနီနိုင်ငံ Deutche Welle Akademie၊ ဒိန်းမတ်နိုင်ငံမှ IMS (International Media Support)၊ ဆွီဒင်နိုင်ငံမှ Fojo Media Institute၊ Forever Group၊ UNIESCO ၊ Canal France International အဖွဲ့အစည်းမျာက ပံံ့ပိုး ကူညီပေးခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required