ဒသန ပညာရှင်နှင့် နိုင်ငံရေး သုံးသပ်သူ Noam Chomsky

ဒသန ပညာရှင်နှင့် နိုင်ငံရေး သုံးသပ်သူ Noam Chomsky
ဒဿ     န ပညာရှင်နှင့် နိုင်ငံရေး သုံးသပ်သူ Noam Chomsky

ဒဿ     န  ပညာရှင်နှင့် နိုင်ငံရေး သုံးသပ်သူ Noam Chomsky  သည် ဝါရှင်တန်မှ နိုင်ငံရေး သြဇာကြီးမားသူများ၏ ပြက်ရယ်ပြုခြင်းနှင့် အဓိက မီဒီယာ အများအပြား၏ လျစ်လျူရှှုခြင်းကို ခံရလေ့ရှိသော်လည်း၊ ပညာရပ်ဆိုင်ရာ အတွက် အကိုးကားခံရဆုံး ပုဂ္ဂိုလ်စာရင်းတွင် အဋ္ဌမမြောက်နေရာကို ရယူထားကာ၊ ပလေးတိုးနှင့် ဖရွိုက်တို့၏ နောက်မှကပ်လိုက်လျက်ရှိသည်။

ယခုအခါ အသက် ၈၆ နှစ် ရှိပြီ ဖြစ်သည့် Noam Chomsky ကို အမေရိကန်နိုင်ငံ Philadelphia တွင် မွေးဖွားခဲ့သည်။ သူသည် အစောပိုင်းတွင် ဘာသာဗေဒပညာရှင်တစ်ဦးအဖြစ် ထင်ရှားခဲ့သူ ဖြစ်သည်။ သူ၏ ကျော်ကြားမှှုမှာ ဘာသာဗေဒနယ်ပယ်တွင် အကန့်အသတ် ရှိခဲ့သော်လည်း သူ့အား “ခေတ်သစ် ဘာသာဗေဒ၏ ဖခင်” အဖြစ် ခေါ်ဝေါ်ခဲ့ကြသည်။

သို့ရာတွင် ၁၉၆၀ ပြည့်လွန်နှောင်းပိုင်းနှစ်များတွင် ခေတ်သစ် ဒဿန ပညာရှင်နှင့် နိုင်ငံရေး သုံးသပ်သူအဖြစ် ကမ္ဘာကျော်လာခဲ့ကာ ပိုမိုကျယ်ပြန့်သော ပရိသတ်ကို ရလာခဲ့သည်။ သူ၏ အတွေးအခေါ်များနှင့် ဝေဖန်သုံးသပ်ချက်များမှာ အမေရိကန် နိုင်ငံခြားရေး မူဝါဒ၊ နီယိုလစ်ဘရယ်အရင်းရှင်ဝါဒနှင့် ခေတ်ပေါ်နယ်ချဲ့ဝါဒပုံစံများနှင့် ပတ်သတ်၍ အဓိကထားသည်။

Southeast Asia Globe မဂ္ဂဇင်းက Noam Chomsky အား အင်တာဗျူး ပြုလုပ်ခဲ့ပြီး မြန်မာနိုင်ငံနှင့် သက်ဆိုင်သော မေးခွန်းနှင့် အဖြေများကို ကောက်နုတ်ဖော်ပြအပ်ပါသည်။

မေး။   ။ ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က အာဏာရှင်တွေ အာဏာရလာခဲ့ပေမဲ့ အမေရိကန်ဟာ ထိုင်းနိုင်ငံကို ဆက်ပြီး ကူညီပံ့ပိုးနေတာနဲ့ ပတ်သတ်ပြီး ဘယ်လို မြင်ပါသလဲ။ ပြီးတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက် အပြုသဘောဆန်တယ်လို့ မကြာခဏ ပြောနေတဲ့ မြန်မာနိုင်ငံမှာ အမေရိကန်ရဲ့ အခန်းကဏ္ဍကို ဘယ်လိုမြင်ပါသလဲ။

ဖြေ။   ။ ထိုင်းက အာဏာရှင်အစိုးရအတွက် အမေရိကန်ရဲ့ ကူညီပံ့ပိုးမှှုဟာ ပုံမှန်ဖြစ်စဉ်ပါ။ တစ်ကမ္ဘာလုံးမှာ အဲဒီပုံစံပါပဲ။ ဥပမာပေးရမယ်ဆိုရင် လွန်ခဲ့တဲ့ နှစ် ၇၀ မှာ အရှေ့အလယ်ပိုင်းဒေသမှာ အမေရိကန်ရဲ့ အဓိကမဟာ မိတ်ဟာဆော်ဒီအာရေးဗီးယားပါ။ ဆော်ဒီအာရေးဗီးယားဟာ အာဏာရှင်နိုင်ငံ၊ အစွန်း အရောက်ဆုံး နိုင်ငံဖြစ်ပြီးတော့၊ ကမ္ဘာပေါ်က အစ္စလာမ်မစ် အစွန်းရောက် နိုင်ငံတစ်ခု ဖြစ်ပါတယ်။ တခြားနေရာတွေကို ဂျီဟတ် အစွန်းရောက်ဝါဒ ပြန့်ပွါးစေတဲ့ ရင်းမြစ်ကြီး တစ်ခုလည်း ဖြစ်ပါတယ်။ ဒါကြောင့် ထိုင်းမှာ ဖြစ်နေတာ (ထိုင်းအာဏာရှင်အစိုးရကို အမေရိကန်က ကူညီနေတာ) ဟာ ပုံမှန်ဖြစ်စဉ် ဖြစ်ပြီး၊ ထင်ထားခဲ့တဲ့ အတိုင်းပါပဲ။

မြန်မာနိုင်ငံနဲ့ ပတ်သတ်ပြီး ပြောရမယ်ဆိုရင်တော့ အမေရိကန်ရဲ့ ပါဝင်ပတ်သတ်မှှုဟာ အတန်အသင့် အထောက် အကူ ပြုပါတယ်။ ဒါပေမဲ့ အဲဒါဟာ ရှှုပ်ထွေးလှတဲ့ ဖြစ်စဉ်တစ်ခုပါ။ မြန်မာနိုင်ငံဟာ အတန်အသင့် လမ်းပွင့်လာပါတယ်။ အဲဒါဟာ လှှိုက်လှှိုက် လှဲလှဲ ကြိုဆိုရမယ့် အရာပါ။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ အကြမ်းဖက်မှှု နဲ့ ကြမ်းကြုတ်ရက်စက်မှှုတွေ အများအပြား ရှိနေပါသေးတယ်။ အထူးသဖြင့် ရိုဟင်ဂျာတွေနဲ့ ပတ်သတ်လာရင် ပေါ့။ မြန်မာနိုင်ငံမှာ အမေရိကန်ရဲ့ ပါဝင်ပတ်သတ်မှှု အခန်း ကဏ္ဍဟာ ကိုလံဘီယာ၊ တူရကီ နဲ့ အရှေ့တီမော တို့လို တခြားနေရာတော်တော်များများက အမေရိကန်အခန်းကဏ္ဍနဲ့ မတူပါ ဘူး။ အဲဒီနေရာတွေမှာတော့ အမေရိကန်ဟာ အကြမ်းဖက်မှှုအတွက် အဓိက စပွန်ဆာ ဖြစ်ခဲ့ပါတယ်။

တခြားတစ်ဘက်မှာလည်း အတိတ်ကို နည်းနည်းပိုဝေးဝေး ပြန်ကြည့်မယ်ဆိုရင် ဒီကိစ္စဟာ ပိုပြီး ရှှုပ်ထွေးတာကို တွေ့မှာပါ။ ထင်ရှားတဲ့ အရှေ့တောင်အာရှရေးရာ ပညာရှင် George Kahin ရေးခဲ့တဲ့ “Subversion as Foreign Policy” (“အဖျက် အမှောင့် နိုင်ငံခြားရေး မူဝါဒ”) ဆိုတဲ့ စာအုပ်ကောင်းတစ်အုပ် ရှိပါတယ်။ ၁၉၅၀ ပြည့်လွန်နှစ် နှောင်းပိုင်းကာလ ဖြစ်စဉ်တွေကို အဲဒီစာအုပ်ထဲမှာ သူက ဆွေးနွေးထားပါတယ်။

အဲဒီအချိန်တုန်းက အမေရိကန်ဟာ၊ တရုတ်အစိုးရကို တောင်ဘက်ကနေ တိုက်ခိုက်ဖို့အတွက် တရုတ်အမျိုးသားရေးဝါဒီ (ကူမင်တန်) တွေ ဒါမှမဟုတ် သူတို့ရဲ့ အကြွင်းအကျန်တွေကို စုစည်းပေးနေတဲ့ ကာလဖြစ်ကြောင်း  သူက  ထောက်ပြထားပါတယ်။ ဒါကြောင့်မို့လို့ တရုတ်အစိုးရကို တိုက်ခိုက်ဖို့အတွက် တရုတ်အမျိုးသားရေးဝါဒီ တပ်ဖွဲ့ (ကူမင်တန်တပ်ဖွဲ့) စစ်အခြေစိုက် စခန်းတွေကို မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားမျိုးနွယ်စု ဒေသတွေမှာ တည်ထောင်ခဲ့ပါတယ်။ အဲဒါဟာ အစိုးရနဲ့ တိုင်းရင်းသားမျိုးနွယ်စုတွေ ကြားမှာ ပဋိပက္ခ ဖြစ်စေခဲ့ပြီး၊ မြန်မာနိုင်ငံရဲ့ ပါလီမန်အစိုးရကို စစ်တပ်က ဖြုတ်ချ အာဏာသိမ်းမှှုဆီ ဦးတည်သွားစေခဲ့ပါတယ်။ အဲဒီနောက်မှာတော့ တုန်လှှုပ်စရာကောင်းတဲ့ ကာလဆီ ဦးတည်သွားခဲ့ပါတယ်။ အဲဒီတုန်းက ဒေသတွင်းက နိုင်ငံတွေနဲ့ နှှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ အတန်အသင့်ကောင်းမွန်တဲ့ ဒီမိုကရေစီ စနစ် တကယ်ကို ရှိခဲ့ပါတယ်။ ဒါပေမဲ့ Kahin ထောက်ပြထားသလိုပါပဲ။ ဒီလိုဆုံးရှုံးသွားခဲ့ခြင်းဟာ တရုတ်အပေါ် အမေရိကန်တိုက်ခိုက်မှှုရဲ့ အကျိုးဆက် ထိခိုက်နစ်နာမှှုတွေထဲက တစ်ခုဖြစ်ပါတယ်။

အဲဒါဟာ မူးယစ်ဆေးဝါး ကုန်ကူးမှှုကိုလည်း ဖြစ်စေခဲ့ပြီးတော့ ထင်ရှားတဲ့ ရွှေတြိဂံ ဆိုတာ ဖြစ်လာခဲ့ပါတယ်။ စီအိုင်အေရဲ့ အဖျက်အမှောင့်ဆန်တဲ့ သောင်းကျန်းမှှုနှိမ်နင်းရေး နဲ့ မူးယစ်ဆေးဝါး ကိစ္စဟာ ဆက်နွယ်မှှု ခိုင်ခိုင်မာမာ ရှိတဲ့အကြောင်း၊ အရှေ့တောင်အာရှဒေသ နဲ့ မူးယစ်ဆေးဝါးကိစ္စဆိုင်ရာ ကျွမ်းကျင်သူ ပညာရှင်တွေထဲက တစ်ဦးဖြစ်တဲ့ Alfred McCoy က သူ့ရဲ့ “The Politics of Heroin” (“ဘိန်းဖြူ နိုင်ငံရေး”) စာအုပ်ထဲမှာ အသေးစိတ် လေ့လာတင်ပြထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly