မန်ယူတွင်ဗန်ဟားလ်ဆက်ရှိပါက ဒီဂီယာအသင်းပြောင်းရန်အဆင်သင့်ရှိနေ

မန်ယူတွင်ဗန်ဟားလ်ဆက်ရှိပါက ဒီဂီယာအသင်းပြောင်းရန်အဆင်သင့်ရှိနေ

မေ ၁၇၊ မန်ချက်စတာ။          ။ ယခုနှစ်နွေရာသီတွင် မန်ချက်စတာယူနိုက်တက်၌ နည်းပြဗန်ဟားလ်ဆက်ရှိနေပါက ဂိုးသမားဒီဂီယာအသင်းပြောင်းရန် အဆင်သင့်ဖြစ်နေ သည်ဟု ဒေးလီးမေးလ်သတင်းစာမှဖော်ပြသည်။

စပိန်ဂိုးသမားသည် ယခုနှစ်ရာသီအစပိုင်းကမှ အသင်းနှင့်လေးနှစ်စာချုပ်သစ်ချုပ်ထားသော်လည်း နယ်သာလန်လူမျိုးနည်းပြဗန်ဟားလ်၏ လက်အောက်တွင် မပျော်မရွှင်ဖြစ်နေသည်။

အိုးထရက်ဖို့ဒ်မှသတင်းရင်းမြစ်၏ အဆိုအရ ရီးယဲလ်မက်ဒရစ်ကအလိုရှိခဲ့သည့် ဒီဂီယာသည် အပြောင်းအရွှေ့ဖြစ်လာအောင်ဖိအားပေးလိမ့် မည်ဟု ဒေးလီးမေးလ်က ဖော်ပြသည်။

ယင်းမှာ ယူနိုက်တက်အတွက် အဓိကဖြေရှင်းရမည့် ကိစ္စတစ်ခုဖြစ်လာမည်ဖြစ်သည်။ ယူနိုက်တက်၏အကောင်းဆုံးကစားသမားဖြစ်ခဲ့သည့် ဒီဂီယာသည် လာမည့်နှစ်ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ခွင့်နှင့်လည်း လွဲခဲ့ရသည်။

ယူနိုက်တက်အနေဖြင့် ပီအက်စ်ဂျီမှထွက်ခွာခဲ့ပြီး ပရီးမီးယားလိဂ်တွင်လာရောက်ကစားချင်သည့် အီဘရာဟီမိုဗစ်ကိုခေါ်ယူရန်ကိစ္စကိုလည်း ဆွေးနွေးဆုံးဖြတ်ရဦးမည်ဖြစ်သည်။

ပြီးခဲ့သည့်တစ်ပတ်က ဘော်ဒိုးနှင့် ပီအက်စ်ဂျီ ၁-၁ သရေကျသောပွဲတွင် အသက် ၃၄ နှစ်အရွယ် အီဘရာဟီမိုဗစ်၏ခြေစွမ်းကို ကင်းထောက် လွှတ် စုံစမ်းခဲ့သည့် ယူနိုက်တက်အနေဖြင့် ယင်းတိုက်စစ်မှူးကို ခေါ်သင့်၊ မခေါ်သင့် ဆွေးနွေးနေပြီဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly