တမုတ်ဆိုးကျေးရွာအုပ်စု ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံအတွက် အောက်ဆီဂျင်ဗူးလိုအပ်နေ

တမုတ်ဆိုးကျေးရွာအုပ်စု ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံအတွက် အောက်ဆီဂျင်ဗူးလိုအပ်နေ

မန္တလေး၊ မေ ၁၆ ။             ။ မန္တလေးတိုင်းအတွင်း တမုတ်ဆိုးကျေးရွာအုပ်စုရှိ ၁၆ ကုတင်ဆံ့တိုက်နယ်ဆေးရုံတွင် ဆေးဝါးများသိုလှောင်ထားရှိရန် ရေခဲသေတ္တာနှင့် အရေးပေါ်လူနာများ ကုသရန်အတွက် အောက်ဆီဂျင်ဗူးများ လိုအပ်လျက်ရှိသည်ဟု ၎င်းဆေးရုံမှ တာဝန်ခံ ဒေါက်တာ ဆွေဆွေမြင့်က ပြောသည်။

"အရေးပေါ်လူနာကုသဖို့ အောက်ဆီဂျင်ဗူးနဲ့ ခွေးရူးပြန်းဆေးတို့မြွေဆိပ်ဖြေဆေးတို့ ထားရှိဖို့ ရေခဲသေတ္တာ လိုအပ်ပါတယ်။ ဆေးရုံက ဖွင့်ပွဲမလုပ်ရသေးပါဘူး။ လောလောဆယ် အတွင်းလူနာလက်မခံသေးပါဘူး။ပြင်ပလူနာတွေကို အချိန်ပိုင်းနဲ့ ကုသပေးနေပါတယ်။"ဟု ဒေါက်တာဆွေဆွေမြင့်က ပြောသည်။

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ တမုတ်ဆိုးကျေးရွာတွင် ပြင်ပလူနာများကို နံနက် ၉ နာရီမှ ၁၂ နာရီ တစ်ကြိမ်နှင့်မွန်းလွဲ ၂ နာရီမှ၄နာရီတစ်ကြိမ်ကို တာဝန်ခံ ဆရာဝန်တစ်ဦးနှင့် သူနာပြုဆရာမ နှစ်ဦးတို့က လက်ခံကုသပေးလျက်ရှိသည်ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ ၁၆ ကုတင်ဆံ့တိုက်နယ်ဆေးရုံကို ၂၀၁၅ခုနှစ် အစပိုင်းက စတင်တည်ဆောက်ခဲ့ပြီး ၂၀၁၆ခုနှစ်မေလ ၅ ရက်တွင် ပြီးဆုံးခဲ့သည်။

အဆိုပါ ၁၆ ကုတင်ဆံ့ တိုက်နယ်ဆေးရုံသို့ ဒေါင်းရွေး၊ မင်းတည်းကုန်း၊ ဆင်ဘိုး၊ တော်တွင်း၊ တော်လှ၊ဆန္ဒမူလိ၊ မိုင်၄၀၊ ရှမ်းရွာကြီး၊ ဂျို၊ ရင်းအင်း၊ ဘောကုန်း၊ မန်းချို၊ မန်းချီးကိုင်း၊ ဆောက်တောဝ၊ မင်းစု၊မယ်တော်စု စသည့်ကျေးရွာတို့မှ လာရောက်ကုသလျက်ရှိသည်။

ထိုကျေးရွာများသည် ယခင်က ကျန်းမာရေးမကောင်းသော လူနာများနှင့် အရေးပေါ်လူနာတို့မှာ မန္တလေးပြည်သူ့ဆေးရုံကြီးနှင့် မြစ်ငယ်ဆေးရုံသို့ သွားရောက်ကုသခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required