မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအသင်း ဂျပန်နိုင်ငံသို့ သွားရောက်မည်

မြန်မာ-ဂျပန် လူမှုစီးပွားဖွံ့ဖြိုးတိုး တက်ရေးအသင်း ဂျပန်နိုင်ငံသို့ သွားရောက်မည်
ဓာတ်ပုံ-နှင်းအဉ္ဇလီ

ရန်ကုန်   မေ   ၁၅ ။               ။  မြန်မာ-ဂျပန်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း (Myanmar-Japan SEDA) ၏  သြဂုတ်လ အတွင်း ဂျပန်နိုင်ငံသို့သွားရောက် မိတ်ဖက်အသင်းများဖြင့်တွေ့ဆုံ ပြီး စီးပွားရေးဆိုင်ရာ ဆွေးနွေးမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း မြန်မာ-ဂျပန်လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေး အသင်း၏ ဒုဥက္ကဌ ဦးသက်ဇော်က ပြောသည်။

"ခရီးရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံမှာ ရှိတဲ့လူတွေရဲ့ စီးပွားရေး အခွင့်အလမ်းနဲ့ ဂျပန်နိုင်ငံမှာ ရှိတဲ့ စီးပွားရေး အခွင့်အလမ်းပေါင်းကူးပေးဖို့ နောက်ပြီးတော့ အခွင့်အလမ်းတွေ ပိုရနိုင်ဖို့ သတင်းအချက် အလက်တွေ ပိုရလာစေဖို့ အဓိကထားပါတယ်"ဟု ဦးသက်ဇော်က ပြောသည်။

လိုက်ပါမည့် အသင်းဝင်များနှင့် သတ်မှတ်ချက်ဖြင့် ကိုက်ညီသည့် လုပ်ငန်းရှင်များလည်းလိုက်နိုင်ပြီး လိုက်မည့်သူများအနေဖြင့် အချက်အဘက်ပြည့်စုံရမည်ဖြစ်ကြောင်း၊ လိုက်ပါသူများထဲမှ လုပ်ငန်းအချက်အလက်နှင့် ဂျပန်မိတ်ဖက်အဖွဲ့အစည်းများမှ လုပ်ငန်းအချက်အလက်များ ကိုက်ညီနေပါက အသင်းမှ ညှိနှိုင်းဆောင်ကာ MoU ထိုးနိုင်သည့်အဆင့်ထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၎င်း ကဆိုသည်။
   

  မြန်မာ-ဂျပန်လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအသင်း ကို ၂၀၁၃  နိုဝင်ဘာ ၁၁ ရက်က  စတင်ဖွဲ့စည်းခဲ့ ပြီး လက်ရှိတွင် အသင်းဝင် ၉၁၈ ယောက်ရှိနေပြီ ဖြစ်သည်။ အသင်းဝင်များမှာ ဂျပန်နိုင်ငံတွင် ကာလရှည်ပညာသင်ခဲ့သူများ အလုပ်လုပ်ခဲ့သူများ နှင့် ဂျပန် မြန်မာ စီးပွားပေါင်းကူးဆက်ဆံရေး စိတ်ဝင်စားသူများ ပါဝင်ကြောင်း သိရသည်။     

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required