လက်ပံတောင်းတောင်စီမံကိန်းရပ်ရေး ရန်ကုန်မှ လက်ပံတောင်းထိ ဆန္ဒပြသူ အင်းစိန်အဝင်၌ အလံချွတ်ရန် သတိပေးခံရ

လက်ပံတောင်းတောင်စီမံကိန်းရပ်ရေး ရန်ကုန်မှ လက်ပံတောင်းထိ ဆန္ဒပြသူ အင်းစိန်အဝင်၌ အလံချွတ်ရန် သတိပေးခံရ
(ဓာတ်ပုံ- ကိုကိုနိုင်)

ရန်ကုန်။ ။မတ် ၁၅ ။              ။ လက်ပံတောင်းတောင်စီမံကိန်း လုံးဝရပ်ဆိုင်းရေးရည်ရွယ်ကာ ရန်ကုန်မှ လက်ပံတောင်းတောင်အထိ တစ်ကိုယ်တော် လမ်းလျောက်သည့် နိုင်/ကျဉ်း(ဟောင်း) ကိုနေလင်းစိုးကို ရန်ကုန်၊ အင်းစိန်မြို့အဝင်တွင် သတိပေးခံခဲ့ရသည်။

မေလ ၁၄ရက်တွင် ဆူးလေမှ စတင်ထွက်ခွာခဲ့သည့် ကိုနေလင်းစိုးကို ထိုနေ့ညက အင်းစိန်မြို့အဝင်အရောက်တွင် ကိုင်ဆောင်လာသည့် နိုင်/ကျဉ်းအလံကို ဖြုတ်ရန် မြို့နယ် အုပ်ချုပ်ရေးမှူးက တားမြစ်ခဲ့ခြင်းဖြစ်သည်။

တစ်ကိုယ်တော်လမ်းလျောက်ဆန္ဒပြရာတွင် ယခင် လက်ပံတောင်းတောင်စီမံကိန်း ရပ်ဆိုင်းပေးရန် ဒေါ်နော်အုန်းလှတို့ တောင်းဆိုစဉ်က ကိုင်ဆောင်ခဲ့သည့် လယ်သမားအမှတ်တံဆိပ် မြစ်နှစ်စင်း နှင် ကြယ်တစ်လုံးပါသည့် အလံကို ကိုင်ဆောင်ကာ ချီတက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော့်ကို အလံချွတ်ပေးဖို့ပြောတယ်။ ကျွန်တော်အသက်သေရင်သေပါစေ။ အလံကို မချွတ်ဘူး။ သူတို့ကို အကြမ်းမဖက်ဘူး။ ဖမ်းရင်လည်းခံမယ် ဒီမိုကရေစီခေတ်မှာ ခွင့်ပြုချက်တောင်းဖို့မလိုတော့ဘူး။”ဟု ၎င်းကပြောသည်။

၎င်းက မေ ၁၅ရက် နေ့လည်ပိုင်းတွင် ထောက်ကြန့်သို့ ရောက်ရှိပြီဖြစ်သည်။

“လယ်သမားများ သိမ်းဆည်းခံလယ်မြေများအတွက် ကျခဲ့သည့် မျက်ရည်တွေအတွက် နိုင်ငံရည်လှုပ်ရှားသူတစ်ယောက်အနေနဲ့ သူတို့လှုပ်ရှားမှုကို အားပေးတဲ့အတွက် ကျွန်တော်ချီတက်နေတာ။ စီးမံကိန်းနေရာရောက်ရင် သူတို့နဲ့အတူ ပူးပေါင်းပြီး ဆက်လက်ဆန္ဒထုတ်ဖော်မယ်။ ဒီစီမံကိန်း ရပ်ဆိုင်းတဲ့အထိ”ဟု ၎င်းက ပြောသည်။

လက်ပံတောင်းတောင် စီမံကိန်းတွင် ကြေးနီထုတ်လုပ်မှုများကို ပြန်လည်စတင်မည်ဟု မေလ ၅ရက်တွင် ဝမ်ပေါင်ကုမ္ပဏီက ထုတ်ပြန်ချက်ထုတ်ပြီးနောက်ပိုင်း ယခုကဲ့သို့ ချီတက်ဆန္ဒပြခြင်းလည်းဖြစ်သည်။

ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် ဒေသခံများကလည်း မေလ ၄ရက်နေ့မှ စတင်၍ လူအင်အား ၂၀၀ ဝန်းကျင်ဖြင့် စီမံကိန်း ရပ်ဆိုင်းပေးရန် ဆန္ဒပြ တောင်းဆိုမှုများလည်း ပြုလုပ်လျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly