ကမ္ဘာ့လိဂ်ပြိုင်ပွဲများ အဆင့်သတ်မှတ်ချက်တွင် မြန်မာနေ ရှင်နယ်လိဂ် အဆင့် ၁၁၆ ၌ရပ်တည်နိုင်ခဲ့

ကမ္ဘာ့လိဂ်ပြိုင်ပွဲများ အဆင့်သတ်မှတ်ချက်တွင် မြန်မာနေ ရှင်နယ်လိဂ် အဆင့် ၁၁၆ ၌ရပ်တည်နိုင်ခဲ့
မြန်မာနေရှင်နယ်လိဂ်ကလပ်ရတနာပုံအသင်း AFC Champion League ခြေစစ်ပွဲကစားနေစဉ်။

ဇူလိုင် ၄၊ ရန်ကုန်။     ။ အပြည်ပြည် ဆိုင်ရာဘောလုံး သမိုင်းနှင့် စာရင်းအင်းအဖွဲ့ (IFFHS) မှသတ်မှတ်ခဲ့သည့် ကမ္ဘာ့လိဂ်ပြိုင်ပွဲ များအဆင့်သတ် မှတ်ချက်တွင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲက အဆင့် ၁၁၆ တွင်ရပ်တည်နေသည်။

ယင်းအဆင့်သတ်မှတ်ချက်မှာ ၂၀၁၄ခုနှစ်အတွက်နိုင်ငံအလိုက်အမှတ်ပေးပြိုင်ပွဲများအဆင့်အတန်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လာလီဂါက အဆင့်တစ်နေရာတွင်ရပ်တည်နေသည်။ အာဆီယံတွင် ထိုင်းပရီးမီးယားလိဂ်ကအဆင့်အမြင့်ဆုံးဖြစ်ပြီး အဆင့် ၆၃၊ အင်ဒိုနီးရှားက အဆင့်၇၄၊ စင်ကာပူကအဆင့် ၈၈၊ မလေးရှားကအဆင့် ၉၉၊ ဗီယက်နမ်ကအဆင့် ၁၀၀၊ ဖိလစ်ပိုင်က အဆင့် ၁၄၀ နေရာများတွင်အသီးသီးရပ်တည်နေသည်။

IFFHS မှထုတ်ပြန်ခဲ့သောအဆိုပါစာရင်းတွင် ကမ္ဘာ့နိုင်ငံပေါင်း ၁၇၀ ပါဝင်ခဲ့ပြီး တိုက်ကြီးများအလိုက် ပါဝင်ခဲ့သော နိုင်ငံတကာ ပြိုင်ပွဲများရလဒ်ကိုအခြေခံတွက်ချက်ထားခြင်းဖြစ်သည်။

အာရှတိုက်မှအသင်းများအတွက် AFC Cup ၊ AFC Champion League စသည့်ပြိုင်ပွဲရလဒ်များကို အဓိက အခြေခံသတ် မှတ်ခြင်းဖြစ်သည်။

အာရှတိုက်အတွင်းကလပ်အသင်းများအဆင့်သတ်မှတ်ချက်တွင်မူ မြန်မာနေရှင်နယ်လိဂ်ကလပ်အသင်းများပါဝင်ခြင်းမရှိပေ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required