ကမ္ဘာ့အချမ်းသာဆုံးဘောလုံးအသင်းအဖြစ် ရီးယဲလ်မက်ဒရစ်လေးနှစ်ဆက်ရပ်တည်

ကမ္ဘာ့အချမ်းသာဆုံးဘောလုံးအသင်းအဖြစ် ရီးယဲလ်မက်ဒရစ်လေးနှစ်ဆက်ရပ်တည်

မေ ၁၂၊ မက်ဒရစ်။           ။ ရီးယဲလ်မက်ဒရစ်အသင်းသည် ကမ္ဘာ့တန်ဖိုးအရှိဆုံးအသင်းအဖြစ် လေးနှစ်ဆက်ရပ်တည်နိုင်ခဲ့သည်။ စပိန်ထိပ်သီး ရီးယဲလ်မက်ဒရစ်သည် ပြိုင်ဘက် ဘာစီလိုနာနှင့် မန်ချက်စတာယူနိုက်တက်တို့ကို ကျော်ကာဦးဆောင်နေခြင်းဖြစ်သည်။

အမေရိကန်မဂ္ဂဇင်းဖော့ဘ်စ်၏ ဖော်ပြချက်အရ ရီးယဲလ်မက်ဒရစ်အသင်း၏တန်ဖိုးမှာ ကန်ဒေါ်လာ ၃ ဒသမ ၆၄၅ ဘီလီယံ (ပေါင် ၂ ဒသမ ၅၂ ဘီလီယံ)ရှိပြီး တစ်နှစ်ဝင်ငွေ ကန်ဒေါ်လာ ၆၉၄ သန်း (ပေါင်သန်း ၄၈၀) ရှိကာ ပြိုင်ဘက်ဘာစီလိုနာအသင်းထက် အနည်းငယ်အသာရနေသည်။

ဘာစီလိုနာအသင်း၏တန်ဖိုးမှာ ကန်ဒေါ်လာ ၃ ဒသမ ၅၄၉ ဘီလီယံ (ပေါင် ၂ ဒသမ ၄၆ ဘီလီယံ)ရှိပြီး ယူနိုက်တက်အသင်းမှာ ကန်ဒေါ်လာ ၃ ဒသမ ၃၁၇ ဘီလီယံ (ပေါင် ၂ ဒသမ ၃ ဘီလီယံ) ရှိသည်။

ထိပ်ဆုံး ၁၀ သင်းတွင် ယူနိုက်တက်အပါအဝင် အာဆင်နယ်၊ မန်စီးတီး၊ ချယ်လ်ဆီး၊ လီဗာပူးလ်နှင့် စပါးအစရှိသည့် ပရီးမီးယားလိဂ် အသင်းခြောက်သင်းပါဝင်နေသည်။

ထိပ်ဆုံးအသင်း ၂၀ ၏ တန်ဖိုးမှာ ရုပ်သံစာချုပ်များ၊ ဝတ်စုံစပွန်ဆာများကြောင့် လွန်ခဲ့သည့် ၁၂ လကထက် ၂၄ ရာခိုင်နှုန်းပိုမြင့်လာသည်ဟု ဖော့ဘ်စ်မဂ္ဂဇင်းတွင် ဖော်ပြထားသည်။

ယင်းစစ်တမ်းတွင် ရီးယဲလ်မက်ဒရစ်သည် ကန်ဒေါ်လာ ၄ ဘီလီယံတန်ဖိုးရှိ ဒါးလက်စ်ကောင်းဘွိုင်စ်အမေရိကန်ဘောလုံးအသင်းပြီးနောက် ကမ္ဘာ့ဒုတိယတန်ဖိုးအရှိဆုံး အားကစားအသင်းအဖြစ် ရပ်တည်နေသည်။

ကမ္ဘာ့တန်ဖိုးအရှိဆုံးဘောလုံးအသင်း ၁၀ သင်း

ရီးယဲလ်မက်ဒရစ် (ပေါင် ၂ ဒသမ ၅၂ ဘီလီယံ)

ဘာစီလိုနာ (ပေါင် ၂ ဒသမ ၄၆ ဘီလီယံ)

မန်ချက်စတာယူနိုက်တက် (ပေါင် ၂ ဒသမ ၃ ဘီလီယံ)

ဘိုင်ယန်မြူးနစ် (ပေါင် ၁ ဒသမ ၈၅ ဘီလီယံ)

အာဆင်နယ် (ပေါင် ၁ ဒသမ ၄ ဘီလီယံ)

မန်စီးတီး (ပေါင် ၁ ဒသမ ၃၃ ဘီလီယံ)

ချယ်လ်ဆီး (ပေါင် ၁ ဒသမ ၁၅ ဘီလီယံ)

လီဗာပူးလ် (ပေါင် ၁ ဒသမ ၀၇ ဘီလီယံ)

ဂျူဗင်တပ် (ပေါင်သန်း ၉၀၀)

စပါး (ပေါင် ၇၀၄ သန်း)

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly