ဘန်ကောက်ကဘူတာရုံတွင် စားပွဲတင်တင်းနစ်ဘောလုံးဖြင့် ဗုံးဖောက်ခွဲ၊ လူနှစ်ဦး ဒဏ်ရာရ

ဘန်ကောက်ကဘူတာရုံတွင် စားပွဲတင်တင်းနစ်ဘောလုံးဖြင့် ဗုံးဖောက်ခွဲ၊ လူနှစ်ဦး ဒဏ်ရာရ

ဘန်ကောက်၊ မေ ၁၁ ။             ။ ဘန်ကောက်မြို့အတွင်းရှိ ဟွာလမ်ပေါင်းဘူတာရုံတွင် အသေးစားပေါက်ကွဲမှုတစ်ရပ် မေ ၁၁ နံနက် ၁၁ နာရီ ၅၆ မိနစ်က ဖြစ်ပွားရာ လူနှစ်ဦး ဒဏ်ရာရခဲ့သည်။ ဘူတာရုံ စီစီတီဗီကင်မရာများမှတစ်ဆင့် ယင်းပေါက်ကွဲမှုဖြစ်ရပ်ကို အစအဆုံး တွေ့မြင်ရသည်။

ပေါက်ကွဲမှုဖြစ်ရာသို့ စစ်ဆေးလျက်ရှိသည့် ပေါက်ကွဲပစ္စည်းရှင်းလင်းရေး EOD တာဝန်ရှိသူများက စားပွဲတင်တင်းနစ် ပင်ပေါင်ဘောလုံးလေးတစ်လုံးတွင်း   သေနတ်ယမ်းဆံများ ဖြည့်သွင်းပြီး   ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။

ဒဏ်ရာရသူနှစ်ဦးအား ဆေးရုံသို့ တင်ပို့ပေးထားပြီး စိုးရိမ်စရာဘေးမရှိကြောင်း သိရသည်။

နိုင်ငံရေးလှုပ်ရှားမှုအရ ဗုံးဖောက်ခွဲခြင်းလာဆိုသည်ကို ရဲက စုံစမ်းထောက်လှမ်းလျက်ရှိနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required