ဂူးဂဲလ်က ဇူလိုင်လလယ်တွင် Android စမတ်ဖုန်းသစ်တစ်လုံး အိန္ဒိယ၌ မိတ်ဆက်မည်

ဂူးဂဲလ်က ဇူလိုင်လလယ်တွင် Android စမတ်ဖုန်းသစ်တစ်လုံး အိန္ဒိယ၌ မိတ်ဆက်မည်

နယူးဒေလီ၊ ဇူလိုင် ၄ ။        ။ ကမ္ဘာကျော်နည်းပညာကုမ္ပဏီ ဂူဂဲလ်က ဇူလိုင်လ ၁၄ ရက်တွင် Android OS သုံး Android One စမတ်ဖုန်း သစ်တစ်လုံးကို အိန္ဒိယနိုင်ငံဈေးကွက်အတွင်း စတင်မိတ်ဆက်သွားမည်ဟု Economic Time သတင်းက ဖော်ပြထား သည်။

ယခု မိတ်ဆက်မည့် Android One စမတ်ဖုန်းသစ်ကို ရောင်းဈေး အမေရိကန်ဒေါ်လာ ၁၉၀ သတ်မှတ်ထား သည်။ အရွယ်အစား ၅ လက်မရှိမည်ဖြစ်ပြီး RAM မှာ 2GB ပါဝင်မည် ဖြစ်သည်။

ဂူးဂဲလ်အနေဖြင့်၂၀၁၄ ခုနှစ် စက်တင်ဘာလအတွင်းကလည်း Android One စမတ်ဖုန်းတစ်လုံးကို အိန္ဒိယနိုင်ငံ ဈေးကွက် အတွင်း မိတ်ဆက်ထားခဲ့သေးသည်။

အိန္ဒိယနိုင်ငံဈေးကွက်သည် ကမ္ဘာ့စမတ်ဖုန်းဈေးကွက်တွင် တတိယအကြီးဆုံး စမတ်ဖုန်းဈေးကွက်ဖြစ်ပြီး ၂၀၁၅ ခုနှစ်မှစတင်ပြီး နည်းပညာကုမ္ပဏီများက အိန္ဒိယဈေးကွက်အတွင်းအခြေချပြီး စမတ်ဖုန်းများ ထုတ်လုပ် ရန် စိတ်ဝင်စားလာကြသည်။

နည်းပညာကုမ္ပဏီ ဆိုနီက ဈေးကွက်ချဲ့ထွင်မှုများ ပြုလုပ်ရန်အတွက် အိန္ဒိယနိုင်ငံတွင် စမတ်ဖုန်းများ ထုတ် လုပ်ရန် စီစဉ်နေ သည်ဟု စမတ်ဖုန်းနှင့် ပတ်သက်သည့် အချက်အလက်များဖော်ပြနေသည့် GSMARENA ဝက်ဘ်ဆိုက်က ဖော်ပြ ထားသည်။

လက်ရှိအချိန်တွင် တောင်ကိုရီးယားအခြေစိုက်ကုမ္ပဏီ ဆမ်ဆောင်းကလည်း ၎င်းတို့၏ Tizen OS သုံး Z1 ဖုန်းများကို အိန္ဒိယဈေးကွက်တွင် ရောင်းချနေပြီး အလုံးရေ တစ်သန်းခန့် ရောင်းချထားနိုင်ခဲ့သည်။

ကမ္ဘာ့အကြီးဆုံးစမတ်ဖုန်းဈေးကွက်ဖြစ်သည့် တရုတ်နိုင်ငံဈေးကွက်အတွင်း၌ ဈေးကွက်ဝေစုရယူနိုင်မှုအတွက် ယှဉ်ပြိုင်မှုများ အားကောင်းလာချိန်တွင် နည်းပညာကုမ္ပဏီကြီးများက ဈေးကွက်လိုအပ်ချက်ကြီးမားသည့် အိန္ဒိ ယ နိုင်ငံဈေးကွက်အတွင်း အခြေ စိုက်နိုင်ရန် ကြိုးပမ်းလားကြသည်။

၂၀၁၅ ခုနှစ်တွင် နည်းပညာဈေးကွက်အတွင်း၌ စမတ်နာရီများထုတ်လုပ်မှုတွင် ယှဉ်ပြိုင်မှု ပိုမိုအားကောင်းလာ မည်ဟု လေ့လာ သူများက ခန့်မှန်းခဲ့ကြသော်လည်း လက်ရှိအချိန်တွင် စမတ်ဖုန်းဈေးကွက်ဝေစုပိုမိုရယူနိုင်ရန် အတွက် နည်းပညာ ကုမ္ပဏီကြီးများ က ပိုမိုအားထုတ်နေကြသည်ဟု သတင်းများက ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required