ခရစ်ယာန်ကျောင်းဝင်းအတွင်း စေတီတည်မှုကိစ္စ ခရစ်ယာန်သာသနာပိုင် ဆရာတော်များကို သာသနာရေးဝန်ကြီး တောင်းပန်

ခရစ်ယာန်ကျောင်းဝင်းအတွင်း စေတီတည်မှုကိစ္စ ခရစ်ယာန်သာသနာပိုင် ဆရာတော်များကို သာသနာရေးဝန်ကြီး တောင်းပန်
ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်အတွင်း ကွမ်းတောကျေးရွာရှိ ခရစ္စယာန်ကျောင်းနေရာတွင် တည်ထားသည့် မြိုင်ကြီးငူဆရာတော်၏ စေတီနှစ်ဆူကို တွေ့ရစဉ်။ (ဓာတ်ပုံ- မြိုင်ကြီးငူဆရာတော်၏ သာသနာပြုလုပ်ငန်းများ)

ရန်ကုန်၊ မေ ၁၀ ။               ။ မြိုင်ကြီးငူဆရာတော်က ကရင်ပြည်နယ်က ခရစ်ယာန်ကျောင်းနေရာတွင် စေတီတည်သည့်အတွက် သာသနာရေးဝန်ကြီး သူရဦးအောင်ကိုက ခရစ်ယာန်သာသနာပိုင် ဆရာတော်များကို မေ ၉ရက်က တောင်းပန်ခဲ့ရသည်။

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်တို့က ကရင်ပြည်နယ်က ခရစ်ယာန်ဆရာတော်အချို့နှင့် မေလ ၉ရက်က တွေ့ဆုံရာတွင် ဝန်ကြီးက တောင်းပန်ခဲ့ခြင်းဖြစ်ပြီး အဆိုပါကိစ္စကို အချိန်ယူ ဖြေရှင်းမည်ဟု ပြောကြားခဲ့ကြောင်း ဘားအံသာသနာပိုင် ဂိုဏ်းချုပ်ဆရာတော် စောစတိုင်လိုက မဇ္ဈိမကို ပြောသည်။

သာသနာရေးဝန်ကြီး၏ ကတိပြုမှုကို တစ်ထစ်ကျ ယုံကြည်မှု မရှိသော်လည်း " သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုနှင့်   မြိုင်ကြီးငူဆရာတေ်ာ် တွေ့ဆုံမှုမှ ရသော အဖြေ ကိုစောင့်နေပါတယ်" ဟု ကရင်ပြည်နယ် ခရစ်ယာန် သာသနာပိုင် ဆရာတော်စောစတိုင်လိုက မဇ္ဈိမကို ပြောသည်။

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုနှင့် ကရင်ပြည်နယ်ဝန် ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် နှင့် ကရင်ပြည်နယ် ခရစ်ယာန်ဆရာတော်အချို့ လှိုင်းဘွဲ မြို့တွင် မေလ ၉ ရက်က တွေ့ဆုံသည်။ သူရဦးအောင်ကိုက တောင်းပန်စကားပြောပြီး ယင်းကိစ္စနှင့်ပတ်သက်ပြီ မြိုင်ကြီးငူဆရာတော်နှင့် တွေ့ဆုံဆွေးနွေးပြီး၊လက်ရှိအစိုးရကိုလည်း တင်ပြပေးသွားမည်ဟု သိရသည်။

မြိုင်ကြီးငူဆရာတော်က လှိုင်းဘွဲမြို့နယ် ကွမ်းတောကျေး ရွာရှိ ရှင်မာကုအင်္ဂလီကန်ဘုရား ကျောင်းဝင်းအတွင်း စေတီနှစ်ဆူ တည်ထားခဲ့ပြီး သိမ်ဆောက်ရန် နေရာကိုပါ သတ်မှတ်ထားသဖြင့် ရဟန်းတပါး၊ နှစ်ပါး အမြဲအိပ်စောင့်ပြီး ယင်းလုပ်ရပ်အပေါ် ကရင်ပြည်နယ် ခရစ်ယာန် သာသနာပိုင်ဆရာတော် စောစတိုင်လိုက စိုးရိမ်နေသည်။

ယခုချိန်ထိ မြိုင်ကြီးငူဆရာတော်နှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက တွေ့ဆုံခြင်းမရှိသေးဟုလည်း ဆရာတော်စောစတိုင်လိုက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required