အိန္ဒိယရိုးရာ ရုပ်သေးပြပွဲကျင်းပမည်

အိန္ဒိယရိုးရာ ရုပ်သေးပြပွဲကျင်းပမည်

ရန်ကုန်မြို့အိန္ဒိယသံရုံးမှ ရုပ်သေးနှင့် မျက်နှာဖုံးတပ်ဖျော်ဖြေပွဲကို မေ ၁၅ရက်၊ ည ၇နာရီတွင် ပြုလုပ်မည်ဟု သိရသည်။

ရန်ကုန်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်မည့် အဆိုပါဖျော်ဖြေပွဲကို အခမဲ့ လာရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

ယင်းပွဲကို မြန်မာအစိုးရသာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာတို့နှင့် ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး "Images of Truth" ဟု ခေါင်းစဉ်ဖြင့် နယူးဒေလီရှိ The Ishara Puppet Theatre Trust မှ Dadi D. Pudumjeeက စီစဉ်ပြသမည်ဖြစ်သည်။

အိန္ဒိယသည် လက်အိတ်၊ ကြိုးနှင့် ရုပ်သေးရုပ်အရိပ်ကို အသုံးပြု၍ ရုပ်သေးရုပ်ပြလာသည်မှာ နှစ်နှစ်ဆယ်နီးပါးရှိပြီဖြစ်သည်။

အိန္ဒိယရုပ်သေးရုပ်သည် ၎င်း၏ပြည်နယ်ဒေသ ရိုးရာပြရုံကိုလိုက်၍ ဆက်သွယ်မှုရှိနေသည်။ ရိုးရာရုပ်အနေနှင့် Ramayana, Mahabharata နှင့် Puranas ကဲ့သို့သော ရိုးရာဒဏ္ဏာရီ ပုံပြင်မှ နတ်ဘုရား၊ သူရဲကောင်းတို့၏ အကြောင်းကို ရုပ်သေးရုပ်ဖြင့်ကသည်။ ယင်းသည် ပွဲတော်များ၊ ရိုးရာ အခမ်းအနားများအပြင် မိုးနတ်မင်းထံမိုးခေါ်ခြင်းစသော ပွဲလမ်းသဘင်တို့တွင်လည်း တစိတ်တဒေသ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required