မြိတ်မြို့ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်သား အပြိုင်အဆိုင်ပေးခေါ်ယူမှုများရှိ

မြိတ်မြို့ဆောက်လုပ်ရေးလုပ်ငန်းများ လုပ်သား အပြိုင်အဆိုင်ပေးခေါ်ယူမှုများရှိ
ဓာတ်ပုံ - ညီညီ ။ပုဂ္ဂလိကအဆောက်အဦးကို လုပ်ကိုင်နေသည့် ပန်းရံလုပ်သားများကိုတွေ့ရစဉ်

မြိတ်၊ မေ ၉ ။               ။ မြိတ်မြို့တွင်ဆောက်လုပ်ရေးလုပ်ငန်းများ လိုအပ်ချက်များအရ လုပ်သားများ ကို လုပ်ခ အပြိုင်အဆိုင်ပေး၍ ခေါ်ယူမှုများ ရှိနေရကြောင်း ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင် လျက်ရှိသည့် လုပ်ငန်းရှင် civil engineer တစ်ဦးက ပြောကြားသည်။

 “အခု ၂၀၁၆ ရောက်တော့ ပုတ်ပြတ်လုပ်ကိုင်တဲ့အဖွဲ့တွေများ လာသလို အလုပ်သမားသမား ခေါ်ယူတဲ့နေရာမှာလည်း ဈေးအပြိုင်ပေးပြီးခေါ်ရတာတွေလည်းရှိလာ တယ်။ ဒါကြောင့် ခုဆိုရင် အလုပ်ကြမ်းသမား တွေဆို ၅၀၀၀ ကနေ ၊ ၆၅၀၀ အထိ ပေးရတဲ့အခြေအနေဖြစ်လာတယ်” ဟု မြိတ်မြိ့ုတွင် ဆောက်လုပ်ရေးလုပ်ငန်း အတွေ့အကြုံ ၄ နှစ်ရှိသူ လုပ်ငန်းရှင်  ဦးသိန်းအောင် ကဆိုသည်။

အစိုးရသစ်တက်လာကာစ၌ စီမံကိန်းဆောက်လုပ်မှုအခြေအနေများ ခေတ္တရပ်တန့်နေသည့်အချိန်တွင် ပုဂ္ဂလိကအဆောက်အဦးများကို ရွေးချယ်ဆောက်လုပ်နေခဲ့ပြီး အလုပ်သမားရှာဖွေရမှု အခက်အခဲအချို့နှင့် ရင် ဆိုင်ရကြောင်း ၎င်းကပြောသည်။

အလားတူ ဆောက်လုပ်ရေးပန်းရံများအနေဖြင့်လည်း ပုတ်ပြတ်လုပ်ငန်းများယူရာတွင် အလုပ်သမား အပြိုင်အဆိုင်ခေါ်ရခြင်းကြောင့် ယခင် ၂ နှစ်တာကာလများက မိန်းကလေး အလုပ်ကြမ်းသမားများကို  တစ်နေ့ လုပ်ခ ၂၅၀၀ မှ ၃၀၀၀ အထိရှိခဲ့သော်လည်း ယခု ၂၀၁၆ တွင် တစ်နေ့လုပ်ခ ၄၀၀၀ မှ ၅၀၀၀ ကျပ်အထိပေး လာရခြင်းနှင့် ယောင်္ကျားလေးအလုပ်ကြမ်းသမားကိုမူ ၃၅၀၀ မှ ၅၀၀၀ ကျပ်ခန့်ပေးခဲ့ရကာ ယခုအခါတွင် အ နည်းဆုံး ၆၀၀၀ ကျပ်အထိဖြစ်လာခဲ့ကြောင်း ပန်းရံလုပ်ငန်းပုတ်ပြတ်လုပ်ကိုင်လျက်ရှိသည့် မြိတ်မြိ့ု သန်းဖိုရပ် ကွက်မှ ပန်းရံအဖွဲ့ခေါင်းဆောင် ကိုမြတ်အောင်က ရှင်းပြသည်။

နေ့စားလုပ်ခလစာဖြင့်လုပ်ကိုင်လျက်ရှိသူများအနေဖြင့် ဆောက်လုပ်ရေးလုပ်ငန်းလိုအပ်ချက်များအရ ပုတ်ပြတ်အဖွဲ့ခွဲများ များလာသည့်အလျောက် ရွေးချယ်ရန်အခွင့်အလမ်းများလာခဲ့သဖြင့် ယခုကဲ့သို့ ဈေးနှုန်း များပို၍ ပေးသည့်အဖွဲ့ထံသို့ ပြောင်းရွေ့လုပ်ကိုင်ကြခြင်းများ ယခင်ကထက် ပိုမိုများလာသည်ကိုတွေ့ရ သည်ဟု ကိုမြတ်အောင်က ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly