ရနောင်းကားတိုက်မှုကြောင့် သေဆုံးသူတစ်ဦးလျှင် ဘတ် ၈ သိန်းရရန်ခန့်မှန်း

ရနောင်းကားတိုက်မှုကြောင့် သေဆုံးသူတစ်ဦးလျှင် ဘတ် ၈ သိန်းရရန်ခန့်မှန်း

ချင်းမိုင် ၊မေ ၁၀ ။          ။ ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် ကားတိုက်မှုဖြင့် သေဆုံးသွားသူ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် နစ်နာကြေး တစ်ဦးလျှင် ထိုင်းဘတ်ငွေ ၈ သိန်း(မြန်မာငွေ ၂၅၀)ခန့် ရရှိနိုင်ရန်ခန့်မှန်းထားကြောင်း မြန်မာအလုပ်သမားများ နစ်နာကြေး ရရှိရေး ဆောင်ရွက်ပေးနေသော ပညာရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (FED)မှ ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

“ကျွန်တော်တို့ ၈ သိန်းလောက် ရမယ်လို့ ခန့်မှန်းတာ။ ထော်လော်ဘော်က ဧပြီလ ၁ ရက်နေ့ကနေ အစိုးရ ဥပဒေသစ်အရ သေဆုံးလို့ ရှိရင် သုံးသိန်းပေးကိုပေးရမယ်။ ကားအာမခံက ပုံမှန်အားဖြင့် ၅ သိန်းကနေ ၁၀ သိန်းထိ တောင်းလို့ ရတယ်။ ဒါပေမဲ့ ဟိုဘက် ဒီဘက် ရှေ့နေတွေကတော့ ငြင်းတာ၊ ပြုတာ ဖြစ်လိမ့်မယ်။ တွေ့အကြုံအရ ဆိုရင်တော့ နှစ်ခုပေါင်း ၈ သိန်းလို့ မှန်းထားတာ”ဟု သူက မဇ္ဈိမကို ပြောသည်။

နစ်နာကြေးဘတ် ၃ သိန်း ရရှိမည်ဖြစ်ကာ ကားအာမခံကြေးသည် ဘတ်ငွေ ၃ သိန်းခန့် ရရှိနိုင်မည်ဟု ခန့်မှန်းခြင်း ဖြစ်သည်ဟု သူက ပြောသည်။

SIFCO အလုပ်ရှင်မှလည်း တစ်ဦးလျှင် ဘတ်ငွေ နှစ်သောင်း နှင့် အစိုးရ လူမှုဖူလုံရေး (Social Security) မှ သေဆုံးသူ တစ်ဦးအတွက် ဘတ်ငွေ တစ်သိန်းဆီရရှိထားကြောင်း FED ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required