ဧရာဝတီတိုင်းဒေသကြီး သောက်သုံးရေးပြတ်လပ်မှုဖြစ်ပေါ်

ဧရာဝတီတိုင်းဒေသကြီး သောက်သုံးရေးပြတ်လပ်မှုဖြစ်ပေါ်
ဓာတ်ပုံ- စည်သူမောင်မောင်

ပုသိမ် ၊ မေ ၉

 

ဧရာဝတီတိုင်းဒေသကြီး၊၁၆မြို့နယ်ရှိ ၁၁၈ကျေးရွာတွင် မေ ၉ရက်နေ့အထိရေပြတ်လပ်မှုများဖြစ်ပေါ်နေကြောင်းကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူးဦးစိုးသန်းကမဇ္ဈိမသို့ပြောသည်။

"တရက်နဲ့တရက်ပိုများလာ ရေပြတ်လပ်ရွာတွေ ဒီနှစ်ဘက်ဂျက်မှာပါတယ်ဆို မိုးတွင်းအထိမစောင့်တော့ပဲ မိုးရေလှောင်ကန်တွေ စတူးပေးနေပြီး၊မနှစ်က မိုးရေလှောင်တွေပါတဲ့ တင်ဒါတာဝန်ပေးတာ လုပ်ငန်းဆောင်ရွက်တာနောက်ကျသွားတယ် ရေလှောင်နိုင်တာမရှိခဲ့ဘူး ဒီနှစ်က အဲဒီအားနည်းချက်ကိုပြင်ပြီး အခု စတူးပေးနေပြီး"ဟု ဧရာဝတီတိုင်းဒေသကြီးကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွန်ကြားရေးမှူးဦးစိုးသန်းက မဇ္ဈိမသို့ပြောသည်။

မြို့နယ်များရေပေးဝေနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အရပ်ဖက်အဖွ့ဲအစည်းများနှင့်ပူးပေါင်းဆောင်ရွက်နေကြောင်း ၎င်းကဆိုသည်။

"ကျေးရွာတွေမှာ သောက်သုံးရေအခက်အခဲက မနှစ်က ထပ်ပိုလာတယ် ရာသီဥတုကြောင့်လည်းပါတယ်၊ကျွန်တော်တို့ နီးစပ်ရာတွေသွားရောက်လှူဒါန်းပေးနေတယ်၊ပင်လယ်ဘက်တွေကို သင်္ဘောနဲ့ပို့ပေးတယ်၊ကားနဲ့ပို့ရရင်ကားနဲ့ အခု ကျွန်တော်တို့ ငပုတော၊ပုသိမ်၊သာပေါင်းမြို့တွေက ကျေးရွာတွေ လိုက်လှူနေတယ်"ဟု ပုသိမ်မြို့နေဦးသန့်မြင့်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊၁၆မြို့နယ်တွင်ကျေးရွာ၁၁၈ရွာတွင် အိမ်ခြေ၁၅၉၆၁ရှိပြီး လူဦးရေ၆၇၇၈၅ဦးမှာ ရေပြတ်လပ်နေကြောင်း ကျေးလက်ဦးစီးဌာနမှ သိရှိရသည်။

ရေပြတ်လတ်သည့် ကျေးရွာများတွင် လပွတ္တာမြို့နှင့်ဖျာပုံမြို့များတွင် အများဆုံးဖြစ်ပြီး၊ကျေးရွာများသို့ ပါတီများ အရပ်ဖက်လူမှုအဖွဲ့အစည်းများမှာ မတ်လ မှ စတင်ရေပေးဝေမှုများပြုလုပ်ကြောင်းသတင်းရရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required