အာဖဂန်နစ္စတန်တွင် ဆီတင်ကားနှင့် ဘတ်စ်ကားနှစ်စီး တိုက်၍ လူ ၅၀ ကျော် သေဆုံး

အာဖဂန်နစ္စတန်တွင် ဆီတင်ကားနှင့် ဘတ်စ်ကားနှစ်စီး တိုက်၍ လူ ၅၀ ကျော် သေဆုံး

ကဘူးလ်၊ မေ ၈ ။           ။ အာဖဂန်နစ္စတန်နိုင်ငံတွင် အဝေးပြေးလမ်းမကြီး၌ ဘတ်စ်ကားနှစ်စီးနှင့် ဆီတင်ကားကြီးတစ်စီး တိုက်မိကာ လူပေါင်း ၅၂ ဦးသေဆုံးသည်။

ကားတိုက်မှုအတွင်း ဒဏ်ရာရသူ ၇၂ ဦးရှိရာ ဂါဇနီပြည်နယ်ဆေးရုံသို့ တင်ပို့ကုသပေးထားကြောင်း တာဝန်ရှိသူများက ဘီဘီစီသို့ ပြောသည်။

မြို့တော်ကဘူးလ်နှင့် တောင်ပိုင်းမြို့ ကန်ဒါဟာသို့ ဆက်သွယ်ထားသည့် လမ်းမပေါ်တွင် ဖြစ်ပွားခြင်ဖြစ်ပြီး ကားတိုက်မှုဖြစ်သည့် သုံးစီးစလုံး မီးလောင်ခဲ့သည်။

လမ်းပိုင်းဆိုင်ရာ အရည်အသွေးနည်းပါးပြီး စည်းမျဉ်းစည်းကမ်းလျော့ရဲသည့် အာဖဂန်နစ္စတန်တွင် ယခုကဲ့သို့ မတော်တဆမှုများ အဖြစ်များသည်။

မဆင်မခြင်မောင်းနှင်မှုကြောင့် ယခုယာဉ်တိုက်မှုဖြစ်ပွားခြင်းဖြစ်သည်ဟု ပြည်နယ်ယာဉ်ထိန်းသိမ်းရေးဌာနဥက္ကဌဖြစ်သူ မိုဟာမတ်ဒူလက်ရှ်က ပြောသည်။

ကားအပျက်အစီးတွင်းမှ အသက်ရှင်သူများအား မီးသတ်သမားများ၊ ကယ်ဆယ်ရေးသမားများက ကယ်ထုတ်ရာတွင် အနီးဝန်းကျင်က ဒေသခံများကပါ ကူညီခဲ့ကြောင်း ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required