ကနေဒါတောမီး နှစ်ဆကြီးမားလာနိုင်ဟု တာဝန်ရှိသူများ သတိပေး

ကနေဒါတောမီး နှစ်ဆကြီးမားလာနိုင်ဟု တာဝန်ရှိသူများ သတိပေး

ဖို့မတ်မာရေး၊ မေ ၇ ။              ။ ကနေဒါနိုင်ငံ ရေနံမြေမြို့ဖြစ်သည့် ဖို့မတ်မာရေးတွင် ကြီးကြီးမားမား လောင်ကျွမ်းနေသည့် တောမီးက လာမည့် ၂၄ နာရီအတွင်း နှစ်ဆကြီးမားလာနိုင်ကြောင်း တာဝန်ရှိသူများက ပြောသည်။

လက်ရှိလောင်ကျွမ်းနေသည့် တောမီးပမာဏက လေပြင်းတိုက်ခြင်းနှင့် ခြောက်သွေ့ခြင်းတို့ကြောင့် နယူးယောက်မြို့ကြီးထက်ပင် အရွယ်ကြီးမားစွာ လောင်ကျွမ်းနေသည်။

မီးညွန့်က နေထိုင်သူများ မြို့လုံးကျွတ်ပြောင်းရွှေ့ခဲ့ရသည့် ယင်းမြို့မှ ဝေးရာသို့ ပျံ့နှံ့လျက်ရှိနေသည်။

ယခုသီတင်းပတ်အတွင်း မြို့မှ ပြောင်းရွှေ့ထွက်ခွာသူပေါင်း ၈၀၀၀၀ ကျော်ထက်မနည်းရှိသည်။

အများစုက တောင်ပိုင်းသို့ ရွှေ့ပြောင်းကြခြင်းဖြစ်သော်လည်း မြောက်ဖက်သို့ ဦးတည်ပြောင်းရွှေ့သူများလည်း များစွာရှိသည်။

မီးလောင်ပြင်အကျယ်အဝန်းမှာ စတုရန်းမိုင် ၃၈၆ မိုင်ရှိကြောင်း ပြည်နယ်အုပ်ချုပ်ရေးရုံးက မေ ၆ ရက်တွင် ထုတ်ပြန်သည်။

မေ ၇ ရက် မကုန်မီ တောမီးက နှစ်ဆကြီးမားလာနိုင်ခြေရှိသည်ဟု တောမီးကာကွယ်ရေးရုံးမန်နေဂျာ မောရစ်ဆန်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required