မြန်မာသီလဝါ အစုရှယ်ယာ ရန်ကုန်စတော့အိတ်ချိန်းတွင် စတင်ရောင်းဝယ်နိုင်မည်

မြန်မာသီလဝါ အစုရှယ်ယာ ရန်ကုန်စတော့အိတ်ချိန်းတွင် စတင်ရောင်းဝယ်နိုင်မည်
သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) ဖွံ့ဖြိုးရေး လုပ်ငန်းခွင်အား တွေ့မြင်ရစဉ်။ ၂၅ ဂျူလိုင် ၂၀၁၄။ ဓာတ်ပုံ ဘိုဘို။

ရန်ကုန်၊ မေ ၇ ။              ။ မြန်မာသီလဝါ စီးပွားရေးဇုံ အများပိုင်ကုမ္ပဏီ (MTSH) ၏ အစုရှယ်ယာများကို  မေ ၂၀ရက် ဈေးကွက်စဖွင့် သည့် အချိန်မှစ၍ ရန်ကုန်စတော့အိတ်ချိန်းတွင် စတင်ရောင်းဝယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

 အဆိုပါ မြန်မာသီလဝါ အထူးစီးပွားရေးဇုံ ကုမ္ပဏီသည် ၂၀၁၃ ခုနှစ်၊ မတ်လတွင် စတင်တည်ထောင်ခဲ့သည့် အများပိုင် ကုမ္ပဏီတစ်ခုဖြစ်ပြီး မတူညီသည့်စီးပွာရေး ကဏ္ဍအသီးသီးမှ အများပိုင်ကုမ္ပဏီကြီး (၉) ခုမှ ကနဦး မတည် တည်ထောင်သူများအဖြစ် ပါဝင်တည်ထောင်ထားသော ကုမ္ပဏီအစုအဖွဲ့ တစ်ခုဖြစ်သည်။

 လက်ရှိတွင် အစုရှယ်ယာရှင်ပေါင်း (၁၆,၇၀၀) ကျော်ရှိပြီး မြန်မာနိုင်ငံ၌ အစုရှယ်ယာရှင်အများဆုံးဖြင့် ဖွဲ့စည်း ထား သော အများပိုင်ကုမ္ပဏီ ဖြစ်သည်။

 MTSH အနေဖြင့် သီလဝါ အထူးစီးပွားရေးဇုန်နှင့် ပတ်ဝန်းကျင်အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုး တက် ရေးတွင် ဆက်လက် ရင်းနှီးမြှုပ်နှံခြင်းဖြင့် ကုမ္ပဏီ၏ ကြီးပွားတိုးတက်ရေးကို ပိုမိုမြင့်မားကောင်းမွန်စေရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပြီး အစုရှယ်ယာရှင်များ၏ အစုရှယ်ယာတန်ဘိုး ထပ်မံ မြင့်တက် လာစေ ရန် အခြားသောစီးပွားရေးကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံမှုများလည်း ဆက်လက်ပြုလုပ် သွားမည်ဖြစ်ကြောင်း သိရသည်။

 ရန်ကုန်စတော့အိတ်ချိန်းအဆောက်အဦးကို ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဒုတိယသမ္မတဟောင်း ဦးဉာဏ်ထွန်းက ကုန်သည်လမ်းနှင့် ဆူးလေဘုရားလမ်းထောင့်ရှိ မြဝတီဘဏ်ရုံးချုပ်ဟောင်းနေရာ၌ ဖွင့်လှစ် ပေးခဲ့ခြင်းဖြစ်ပြီး FMI ကုမ္ပဏီလီမိတက်၊ သီလဝါအထူးစီးပွားရေးဇုန်အများပိုင်ကုမ္ပဏီလီမိတက်(MTSH)၊ မြန်မာ့လယ်ယာစီးပွားအများပိုင်ကုမ္ပဏီလီမိတက် (MAPCO)၊ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာနိုင် ငံသား များ ဘဏ်နှင့် Great Horkam ကုမ္ပဏီတို့က ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာများရောင်းချခွင့်ရရှိထားသည့် အများပိုင် ကုမ္ပဏီများဖြစ်သည်။

 MTSH ၏ ရှယ်ယာများကို ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းသွင်းရောင်းဝယ်ခွင့်ရရှိခြင်းသည် ကုမ္ပဏီ အ နေဖြင့် စီးပွားရေးချဲ့ထွင်နိုင်ရေးအတွက် လိုအပ်သော ရင်းနှီးငွေများအား ရရှိမည်ဖြစ်သည့်အတွက် အစုရှယ် ယာတန်ဖိုး များ စဉ်ဆက်မပြတ် တန်းဖိုးတက်လာမည်ဖြစ် မြန်မာသီလဝါအထူးစီးပွားရေးဇုံ အများပိုင် ကုမ္ပဏီ တာဝန်ရှိသူများကခန့်မှန်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly