အင်ဒိုနီးရှားတွင် ဟောင်ကောင်လေကြောင်းလိုင်းလေယာဉ် လေပြင်းမိ၍ လူ ၁၇ ဦး ဒဏ်ရာရ

အင်ဒိုနီးရှားတွင် ဟောင်ကောင်လေကြောင်းလိုင်းလေယာဉ် လေပြင်းမိ၍ လူ ၁၇ ဦး ဒဏ်ရာရ

ဒန်ပါဆာ၊ မေ ၇ ။              ။ အင်ဒိုနီးရှားနိုင်ငံ အပန်းဖြေဘာလီကျွန်းမှ ပျံတက်လာသည့် ဟောင်ကောင်လေကြောင်းလိုင်း လေယာဉ်တစ်စီး လေပြင်းဒဏ် မိ၍ ခရီးသည် ၁၇ ဦး ထိခိုက်ဒဏ်ရာရကာ အရေးပေါ် ပြန်ဆင်းသက်ခဲ့ရသည်။

ဟောင်ကောင်သို့ ဦးတည်ပျံသန်းသည့် ခရီးသည် ၂၀၄ ဦးနှင့် အမှုထမ်း ၁၂ ဦး လိုက်ပါသော CRK 6704 လေယာဉ်သည် ပြင်းထန်သည့် လေပြင်းတိုက်ခိုက်မှုကြောင်း ဒန်ပါဆာမြို့ရှိ လေဆိပ်သို့ ပြန်လည်ဆင်းသက်ခဲ့ရသည်။

"လူ ၁၇ ဦး ထိခိုက်ဒဏ်ရာရတယ်။ ၁၂ ယောက်ကိုတော့ ထပ်ပြီးကုသဖို့ လိုလို့ ဆေးရုံကို တင်ပို့ထားတယ်။ ကျန်တဲ့ ငါးယောက်ကတော့ လေဆိပ်ဆေးခန်းမှာပဲ ကုသနိုင်တယ်။"ဟု ဘာလီရှိ Ngurah Rai အပြည်ပြည်ဆိုင်ရာလေဆိပ် အထွေထွေမန်နေဂျာ ထရီကိုရာက အေအက်ဖ်ပီသို့ ပြောသည်။

ခရီးသည်အများစုက ပွန်းပဲ့ထိရှခြင်းများရှိသော်လည်း မပြောပလောက်သည့် ထိခိုက်မှု မဟုတ်ကြောင်း ၎င်းက ဖြည့်စွက်ပြောသည်။

လေယာဉ်မှာ များများစားစား ပျက်စီးခြင်း မရှိကြောင်း၊ လေယာဉ်အား စစ်ဆေးရန်အတွက် လေဆိပ်တွင်ပင် ရပ်ထားကြောင်းလည်း ၎င်းကဆိုသည်။

ယခုဖြစ်ရပ်သည် သီတင်းတစ်ပတ်အတွင်း အင်ဒိုနီးရှား၌ ဒုတိယမြောက် လေယာဉ် လေပြင်းဒဏ်ကြောင့် ထိခိုက်မှုဖြစ်ပွားခြင်းဖြစ်သည်။

မေ ၄ ရက်နေ့ကလည်း ဂျကာတာလေဆိပ်သို့ ဆင်းသက်လာသည့် လေယာဉ်တစ်စင်း လေပြင်းမိ၍ ခရီးသည် ၃၁ ဦး ဒဏ်ရာရခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly