ဗကသကျောင်းသားခေါင်းဆောင်များ တာဝန်မှ အနားယူတော့မည်

ဗကသကျောင်းသားခေါင်းဆောင်များ တာဝန်မှ အနားယူတော့မည်
ဓာတ်ပုံ-မျိုးသူအောင်
 

ရန်ကုန်၊မေ ၆ ။            ။ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ခေါင်းဆောင်များအနေဖြင့် လာမည့် ၆လအတွင်း လက်ရှိ တာဝန်မှ အနားယူသွားတော့မည်ဖြစ်ကြောင်း ကော်မတီဝင် ကိုအောင်မှိုင်းဆန်းက ပြောသည်။

မေလ ၆ရက်နေ့က မြန်မာ ဂျာနယ်လစ်ကွန်ရက်ရုံးတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ယခုကဲ့သို့ ပြော ကြားခဲ့ခြင်း ဖြစ်သည်။

" ဘာပဲပြောပြော ကျွန်တော်တို့ ဗဟို လုပ်ငန်းကော်မတီဝင်အားလုံးဟာ အသက်အရွယ်အရကော ကိုယ့် တစ် ဦး ချင်းရှိနေတဲ့ ကိစ္စတွေအရကော တွက်ကြည့်လိုက်ရင် အခုလက်ရှိ   ကျောင်းသားသမဂ္ဂတွေမှာ ဝင် ရောက် လှုပ်ရှားဖို့က အခက်အခဲရှိတယ်။ အခက်အခဲရှိတော့ ကျွန်တော်တို့ ဒီ ဗဟိုလုပ်ငန်းကော်မတီ  တစ်ခု လုံးက အစည်းဝေးဆုံးဖြတ်ချက်အရ နောင် ၆လ အလွန်ဆုံးပဲ။ ၆လ ပြည့်တာနဲ့ ကျွန်တော်တို့ ဗဟိုလုပ်ငန်း ကော်မ တီ ကို တရားဝင်ဖျက်သိမ်းပြီးတော့ ကျောင်းသားလူငယ်တွေရဲ့ လက်ထဲကိုလွှဲပေးမယ်"ဟု ကိုအောင်မှိုင်း ဆန်းက ပြောသည်။

ယင်းသို့ လုပ်ဆောင်နိုင်ရန်အတွက် လာမည့် ဇူလိုင် ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် နိုင်ငံတဝန်းလုံးရှိ တက္က သိုလ်ကျောင်းများမှ ကျောင်းသားများနှင့် အခြေခံ ပညာကျောင်းများမှ ကျောင်းသားများစုပေါင်း၍ ကျောင်း သားထု တွေ့ဆုံပွဲတစ်ရပ်ကို ရန်ကုန်မြို့တွင် လုပ်ဆောင်သွားမည်ဖြစ်ပြီး ခရိုင်စုံမှာ ကျောင်းသားသမဂ္ဂ များ နှင့်လည်း ထပ်မံတွေ့ဆုံကာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားထုညီလာခံ ခေါ်ယူနိုင်ရေးအတွက် ကော်မတီတစ် ရပ်ဖွဲ့စည်းသွားမည် ဖြစ်ကြောင်းသိရသည်။

ယင်းကော်မတီအနေဖြင့် လက်ရှိ ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီတာဝန်များ လက်လွှဲ တာဝန်ယူ သွားကြရမည်ဖြစ်ပြီး ယင်းခေါင်းဆောင်များအနေဖြင့် ဗကသအဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းများဆက် လက်ဆောင် ရွက်သွားရမည် ဖြစ်သည့်အပြင် ၎င်းတို့အနေဖြင့် နည်းပညာပိုင်း ပံ့ပိုးကူညီမှုများသာ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း လည်း ဗကသများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောသည်။

" ကျွန်တော်တို့ ဝင်ပြီးဆုံးဖြတ်ပေးလို့မရတော့ဘူး။ ကျွန်တော်တို့သည် နည်ပညာပိုင်းဆိုင်ရာ ပံ့ပိုးကူညီမှု တွေ ပဲ လုပ်လို့ရမယ်။ ဝင်ရောက်ပြီးတော့ ဆုံးဖြတ်ပိုင်ခွင့်ကျွန်တော်တို့မှာမရှိတော့ဘူး"ဟု ကိုကျော်ကိုက ပြော သည်။

မေ ၂ရက်နေ့က ဗကသများအဖွဲ့ချုပ် ဗဟိုလုပ်ငန်းကော်မတီ အစည်းဝေးကျင်းပကာ ရှေ့လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြပြီး နိုင်ငံလုံးဆိုင်ရာကျောင်းသားထုညီလာခံခေါ်ယူနိုင်ေး တိုင်းရင်းသားကျောင်းသားသမဂ္ဂများပေးထွက်လာရေး ကျောင်းသားသမဂ္ဂများတရားဝင်ရပ်တည်နိုင်ရေး ဗဟိုလုပ်ငန်းကော်မတီ၏ရှေ့လုပ်ငန်းစဉ်အလားအလာ စသည့်အချက်များအပါအဝင် အချက်(၉)ချက်နှင့်ပတ်သက်၍ ဆွေးနွေးတိုင်ပင်မှုများပြုခုပ်ကာ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required