ဟယ်ရီကိန်းကို လစာငွေ နှစ်ဆ ပေး၍ စာချုပ်သစ် ချုပ်ဆိုရန် စပါးပြင်ဆင်

ဟယ်ရီကိန်းကို လစာငွေ နှစ်ဆ ပေး၍ စာချုပ်သစ် ချုပ်ဆိုရန် စပါးပြင်ဆင်

မေ ၆၊ လန်ဒန် ။                  ။ ယခုနှစ်ရာသီတွင် အသင်းအတွက် ခြေစွမ်းပြပြီး ဂိုးများစွာသွင်းယူပေးနေသည့် တိုက်စစ်မှူး ဟယ်ရီကိန်းကို စပါးအသင်းက လက်ရှိလစာငွေထက် နှစ်ဆပေး၍ စာချုပ်သစ် ချုပ်ဆိုရန် ပြင်ဆင်နေပြီ ဖြစ်သည်။

ဟယ်ရီကိန်းသည် ပြီးခဲ့သည့်ရာသီက ခြေစွမ်းပြပြီး စုစုပေါင်း ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့သလို ယခုနှစ်တွင်လည်း ၂၈ ဂိုးသွင်းယူထားသည်။

စပါးအသင်းသည် ဟယ်ရီကိန်းကို ပြီးခဲ့သည့် ဖေဖော်ဝါရီလကမှ စာချုပ်သစ်ချုပ်ဆိုထားခြင်း ဖြစ်သော်လည်း ခြေစွမ်းထက်မြက်နေသည့်တိုက်စစ်မှူးကို အသင်းမပြောင်းရွှေ့စေရန် စာချုပ်သစ် ထပ်မံချုပ်ဆိုဖို့ ပြင်ဆင်နေခြင်း ဖြစ်သည်။

ကိန်း၏ လက်ရှိလစာငွေမှာ တစ်ပတ်လျှင် ပေါင်ငါးသောင်းဖြစ်ပြီး စပါးအသင်းက ပေါင်တစ်သိန်းဖြင့် စာချုပ်သစ် ချုပ်ဆိုမည် ဖြစ်သည်။ ကိန်းကို ပြီးခဲ့သည့်ရာသီက မန်ယူအသင်းမှ ခေါ်ယူရန် ကြိုးပမ်းခဲ့ဖူးပြီး ယခုသတင်းကြောင့် မန်ယူအပါအဝင် ကိန်းကို ခေါ်ယူလိုသည့် အသင်းများအတွက် ထိုးနှက်ချက် ဖြစ်လာခဲ့သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly