ပညာရှင်များ၏တင်ပြချက်ကို မလေးစား၍ ရန်ကုန်မြို့လိုအပ်ချက်များပြား

ပညာရှင်များ၏တင်ပြချက်ကို မလေးစား၍ ရန်ကုန်မြို့လိုအပ်ချက်များပြား

ရန်ကုန်၊ မေ ၆ ။                ။ ရန်ကုန်မြို့အတွင်း လက်ရှိအချိန်၌ လိုအပ်ချက်အများအပြားရှိနေခြင်းမှာ ပညာရှင်များ၏ တင်ပြချက်များကို မလေးစားခဲ့၍ဖြစ် ကြောင်း မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းပညာရှင် ဒေါက်တာကျော်လတ်က ပြောကြားလိုက်သည်။

မေလ ၅ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ မြို့တော်ခန်းမတွင် ပြုလုပ်သည့် ရန်ကုန်မြိ ု့ဘက်စုံဖွံ့ ဖြိုးမှု အ ခြေခံအချက်အလက်များနှင့် အဆိုပြုချက်များ ဆွေးနွေးပွဲတွင်  ၎င်းက ယခုကဲ့သို့  ပြောကြားခဲ့ခြင်း ဖြစ်သည်။

" ကျွန်တော်တို့ ရန်ကုန်မြို့မှာ လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ကလေးကစားကွင်းတွေ မရှိဘူး။ ကျောင်း တွေ မလောက်ဘူး။ ရေတွေကလည်း တစ်ချို့နေရာတွေမှာ ရတယ်။ တစ်ချို့မရဘူး။ ရန်ကုန်မြို့ရဲ့ ၆၀- ၇၀ ရာ ခိုင်နှုန်းလောက်မှာ ရေမရှိဘူး။ အဲဒါတွေက ဘာဖြစ်လို့ ဖြစ်ရတာလည်းဆိုရင် ပြီးခဲ့တဲ့ နှစ်တွေတုန်းက ပညာ ရှင်တွေ တင်ပြတာကို မလေးစားလို့ ဖြစ်ရတာ"ဟု ဒေါက်တာကျော်လတ်က ပြောသည်။

ဆွေးနွေးပွဲတွင် ဒေါက်တာကျော်လတ်က ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အချက် ၁၃ ချက် တင် ပြ ဆွေးနွေးခဲ့ပြီးရန်ကုန်မြို့တော် စည်ပင်သာယာရေးဌာနကလည်း လက်ရှိစီစဉ်ဆောင်ရွက်နေမှုများနှင့် ဆက် လက်လုပ်ဆောင်သွားမည့် စီမံကိန်းများကို ရှင်းလင်းတင်ပြခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ရန်ကုန်တိုင်းဝန်ကြီးချုပ်က  ရန်ကုန်မြို့မြို့ပြ စီမံကိန်းကြီးအား အနာဂတ်ရှိသည့် မြို့ ပြစီမံကိန်း ဖြစ်စေချင်ပြီး ပြည်သူလူထုပါဝင်နိုင်သည့်အခြေအနေမျိုးဖြစ်အောင် ဖန်တီး ပေးရန်လိုအပ်ကြောင်း ပြောကြားခဲ့သည်။

" ဒီလို မြို့ပြ စီမံကိန်းတစ်ရပ်ကို ရေးဆွဲတဲ့နေရာမှာ ပညာရှင် အမြင် သက်သက်နဲ့ ဆောင်ရွက်လို့မရပါဘူး။ ပြည်သူတွေရဲ့ ပါဝင်နိုင်တဲ့အခြေအနေတွေနဲ့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ပြည်သူတွေ ပါဝင်နိုင်မှုဟာ အင်မတန်အရေးကြီးပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

အဆိုပါ ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်များနှင့် အဆိုပြုချက်များ ဆွေးနွေးပွဲကို ဒေါက်တာ ကျော်လတ် က ရှေ့ဆက်လက်လုပ်ဆောင်သင့်သည့် မြို့မြစီမံကိန်းများနှင့် လက်ရှိတွင် မှားယွင်းနေမှုများကို နှိုင်း ယှဉ်ဆွေးနွေးခဲ့ခြင်းဖြစ်ပြီး ရန်ကုန် တိုင်း ဒေသကြီး အစိုးရအဖွဲ့များ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ ရန် ကုန်မြို့ တော်စည်ပင်သာယာရေး ကော်မတီဝင်များ၊ ပြည်တွင်းပြည်ပ ပညာရှင်များ ပါဝင်ဆွေးနွေးခဲ့ကြသည်။

ရန်ကုန်မြို့ ဘက်စုံဖွံ့ဖြိုးမှု အခြေခံအချက်အလက်များနှင့် အဆိုပြုချက်များ ဆွေးနွေးပွဲကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် Renaissance Institute တို့က ပူးပေါင်းစီစဉ်ခြင်း ဖြစ်ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly