ဖခင်ဖြစ်သူကို ၎င်း၏ အကျိုးစီးပွား ထိန်းသိမ်းကာကွယ်သူအဖြစ် ခန့်အပ်ခဲ့တဲ့ ဘရစ်တနီစပီးယား

ဖခင်ဖြစ်သူကို ၎င်း၏ အကျိုးစီးပွား ထိန်းသိမ်းကာကွယ်သူအဖြစ် ခန့်အပ်ခဲ့တဲ့ ဘရစ်တနီစပီးယား

ကမ္ဘာကျော်အဆိုတော် ဘရစ်တနီစပီးယား၏ ဖခင်ဖြစ်သူ ဂျိမ်းစပီးယားသည် ဘရစ်တနီ၏ စီးပွားရေးလုပ်ငန်းများနှင့် ပုဂ္ဂိုလ်ရေးရာ ပြဿနာများကို ကိုင်တွယ်ဖြေရှင်းပေးသူအဖြစ် ရှစ်နှစ်ကြာ လုပ်ဆောင်သွားမည် ဖြစ်သည်။

ပေါ့ကြယ်ပွင့် ဘရစ်တနီက ဖခင်ဖြစ်သူကို ၎င်း၏ အကျိုးစီးပွား ထိန်းသိမ်းကာကွယ်သူအဖြစ် လုပ်ဆောင်ပေးရန် တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ ၁၃၀၀၀၀ ပေးသွားမည်ဖြစ်ကြောင်း The New York Times တွင် မေ ၄ ရက် ဖော်ပြထားသည်။

၂၀၀၈ ခုနှစ်က အသက် ၆၃ နှစ်အရွယ်ရှိ ဂျိမ်းသည် ဘရစ်တနီကို တရားဝင် ထိန်းသိမ်းစောင့် ရှောက်ခွင့်ရခဲ့ပြီး ဘရစ်တနီ၏ ရုပ်ပိုင်းဆိုင်ရာ၊ ထိန်းသိမ်းစောင့်ရှောက်ခွင့် စီမံခန့်ခွဲမှု၊ ငွေကြေးစီမံခန့်ခွဲ မှုနှင့် တေးဂီတ လုပ်ငန်းများအပေါ် ကြီးကြပ်မှုများအတွက် တာဝန်ရှိသူ ဖြစ်လာသည်။

ဘရစ်တနီသည် ဖခင်နှင့် ၎င်း၏ရှေ့နေ အန်ဒရူးဝဲလက်၏ ထောက်ခံမှုမရှိဘဲ  ဥပဒေရေးရာ သို့မဟုတ် ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်များကို ချမှတ် လုပ်ဆောင်နိုင်ခွင့်မရှိပေ။

ဘရစ်တနီသည် ၎င်း၏ ကိစ္စရပ်များကို ကိုင်တွယ်ဆောင်ရွက်ပေးရန် ဖခင်ဖြစ်သူကို တစ်နှစ် လျှင် အမေရိကန်ဒေါ်လာ ၁၃၀၀၀၀ ပေးဆောင်သွားမည်ဖြစ်သည့်အပြင် “Piece of Me” ဖျော်ဖြေပွဲမှ ရရှိသော ဝင်ငွေ၏ ၁ ဒသမ ၅ ရာခိုင်နှုန်းပေးရန် ဖခင်၏ မေတ္တာရပ်ခံချက်ကိုလည်း သဘောတူထား ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဘရစ်တနီသည် စက်တင်ဘာလက  အမေရိကန်ဒေါ်လာ ၃၅ သန်းဖြင့် လာမည့်နှစ်အထိ ၎င်း၏ ဖျော်ဖြေပွဲကို ကျင်းပရန် စာချုပ်သက်တမ်းတိုးခဲ့သည်။ ပြီးခဲ့သည့်နှစ်က ဘရစ်တနီကို ပဉ္စမ မြောက် ကြေးအမြင့်ဆုံးရရှိသည့် အမျိုးသမီးအဆိုတော်အဖြစ် Forbes မဂ္ဂဇင်းက ဖော်ပြခဲ့သည်။

ဘရစ်တနီသည် ၂၀၀၇ ခုနှစ်က ခင်ပွန်းဟောင်းဖြစ်သူ ကီဗင်ဇာဒါလိုင်းနဲ့ ကွာရှင်းပြတ်စဲခဲ့ပြီး လတ်တလောတွင် သားများဖြစ်သော အသက်ကိုးနှစ်အရွယ်ရှိ ဂျေဒန်ဂျိမ်းနှင့် အသက် ရှစ်နှစ်အရွယ် ဆီအန်ပရက်စ်တန်တို့ကို ခင်ပွန်းဖြစ်သူက ထိန်းသိမ်း စောင့်ရှောက်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required